မြစ်ထဲထိုးကျသွားတဲ့ ကားထဲကနေ သတိလစ်နေတဲ့ ယာဉ်မောင်းကို အသက်ကယ်တင်ခဲ့သူနှစ်ဦး

24.6.2024-yyl-1.jpg

တရုတ်နိုင်ငံမှာ မြစ်ထဲ မျောပါနေတဲ့ ကားထဲကနေ သတိလစ်နေတဲ့ ကားသမားကို ကယ်တင်ပေးနိုင်ခဲ့လို့ အမျိုးသားနှစ်ဦးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံခဲ့ရပါတယ်။ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့ရဲ့ မြစ်ထဲကို ကားတစ်စီး ထိုးကျသွားပြီး ကားထဲမှာတော့ အသက် ၅၃ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူက သတိလစ်နေတာပါ။

ဒီဖြစ်ရပ်ကို မြင်တွေ့တဲ့ ကျောက်တာယင်က မြစ်ထဲကို ခုန်ဆင်းပြီး ယာဉ်မောင်းကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။ သူက ကားမှန်ကို ရိုက်ခွဲခဲ့ပါတယ်။ အဲဒီနောက်မှာ ဝမ်ယီဟွာလို့ အမည်ရတဲ့ အမျိုးသားတစ်ဦးက ဒီဖြစ်ရပ်ကို မြင်သွားပြီး မြစ်ထဲ ခုန်ဆင်းကာ ကျောက်တာယင်ကို ကူညီပေးခဲ့ပါတယ်။ သူတို့က ကားမှန်ကို ရိုက်ခွဲပြီး ကားသမားကို ကယ်တင်ပေးနိုင်ခဲ့တာပါ။

ကမ်းပါးပေါ်မှာ ရှိနေသူတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့လို့ သူတို့ရဲ့ သက်စွန့်ဆံဖျား ကူညီမှုအကြောင်း ပျံ့နှံ့သွားခဲ့တာပါ။ ယာဉ်မောင်းဟာ ကျောက်တာယင်နဲ့ ဝမ်ယီဟွာတို့ရဲ့ ကယ်တင်မှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။

Ref: Heroes Emerge In Chengdu: Brave Duo Rescues Unconscious Driver From Sinking Car

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top