လည်ချောင်းထဲမှာ မျော့တွယ်ခံရလို့ အသံဝင်သွားခဲ့တဲ့ ဗီယက်နမ်အမျိုးသား

9.3.24-yyl-1.jpg

လည်ချောင်းနာပြီး အသံတိမ်ဝင်သွားတဲ့ ဗီယက်နမ်အမျိုးသားတစ်ဦးဟာ ဆေးရုံသွားပြီး မှန်ပြောင်းကြည့်ချိန်မှာတော့ လည်ချောင်းမှာ မျော့ကြီးတစ်ကောင် တွယ်နေတာကို တုန်လှုပ်ချောက်ချားဖွယ် တွေ့ရှိခဲ့ပါတယ်။

အသက် ၅၃ နှစ်အရွယ် ဗီယက်နမ်အမျိုးသားဟာ တစ်မနက်ခင်း အိပ်ရာထချိန်မှာ အသံဝင်သွားပြီး လည်ချောင်းနာတာ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သူက သာမန်အအေးမိတာပဲလို့ ထင်ခဲ့တာပါ။ နောက်တော့ တံတွေးထွေးတဲ့အခါ သွေးပါလာလို့ ထိတ်လန့်သွားပြီး ဟနွိုင်းမြို့ အမျိုးသားဆေးရုံကို သွားပြခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ခန္ဓာကိုယ်အတွင်း မှန်ပြောင်းကြည့်ချိန်မှာ ၆ စင်တီမီတာရှိတဲ့ မျော့ကြီးတစ်ကောင်က သူ့လည်ချောင်းမှာ တွယ်ပြီး သွေးစုပ်နေတာကို တွေ့ခဲ့တာပါ။

အစာမြိုပြွန်နဲ့ လေပြွန်ဝကြားမှာ တွယ်ကပ်နေတဲ့ မျော့ကြီးကို ဆရာဝန်တွေက ခက်ခက်ခဲခဲ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ တစ်လတုန်းက ကြွက်ထောင်ချောက် ဖြုတ်ရင်းနဲ့ လက်ဒဏ်ရာ ရခဲ့ပါတယ်။ သူဟာ ဆေးမြီးတို ယုံကြည်သူဖြစ်လို့ တောထဲမှာ တွေ့တဲ့ ဆေးပင်ကို ခူးပြီး ရေမဆေးဘဲ ဝါးကာ လက်ဒဏ်ရာကို အုံခဲ့ပါတယ်။

အဲဒီအပင်မှာ ကပ်နေတဲ့ မျော့သေးသေးလေးက သူ့လည်ချောင်းထဲ ဝင်သွားပြီး သူ့လည်ချောင်းကို သွေးစုပ်ရင်း ကြီးထွားလာတာဖြစ်မယ်လို့ ဆရာဝန်တွေက ယူဆပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို ရှောင်ကျဉ်ဖို့အတွက် အသီးအရွက်တွေကို ရေမဆေးဘဲ ခူးစားတာ၊ ဝါးတာမျိုး မလုပ်ကြဖို့ ဆရာဝန်တွေက သတိပေးထားပါတယ်။

Ref: Man with Hoarse Voice Finds Leech Attached to His Throat

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top