မီးလောင်နေတဲ့ လောင်စာဆီကားကို လူသူကင်းရှင်းရာ ဆက်မောင်းပြီး လူရာချီရဲ့အသက်အိုးအိမ်ကို ကာကွယ်ပေးခဲ့သူ

9-15-2022-yyl-28.jpg

သူမောင်းလာတဲ့ လောင်စာဆီကားက လူနေရပ်ကွက်နား ရောက်မှ မီးထလောင်တယ်။ သူသာ တစ်ကိုယ်ကောင်းဆန်ရင် မီးလောင်နေတဲ့ကားကြီးကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးမှာပါ။ အဲဒီလိုဆိုရင် လူရာပေါင်းများစွာ အသက်ဆုံးရှုံးနိုင်ပြီး သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးရမှာပါ။

ဒါပေမဲ့ အိုတာရစ်ဘိုက သူ့အသက်ကို အရေးမစိုက်ဘဲ အများသူငှာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ရှေ့တန်းတင်ခဲ့တယ်။ မီးလောင်နေတဲ့ လောင်စာဆီကားကြီးကို လူသူကင်းရှင်းရာအထိ ဆက်မောင်းသွားခဲ့တယ်။ အဲဒီကိုရောက်ပြီး သိပ်မကြာခင် လောင်စာဆီကားကြီး ပေါက်ကွဲသွားတာပါ။

၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီဝန်းကျင်အချိန်က နိုင်ဂျီးရီးယားနိုင်ငံ ဒယ်တာပြည်နယ်၊ အဘာဟိုမြို့ရဲ့ လူနေထူထပ်ရာမှာ လောင်စာဆီကား မီးလောင်ခဲ့တာပါ။ ကိုယ်ကျိုးစွန့်ပြီး ရဲစွမ်းသတ္တိပြည့်စုံတဲ့ အိုတာရစ်ဘိုရဲ့လုပ်ရပ်ကြောင့် ဒယ်တာပြည်နယ်အစိုးရက သူ့ကို သူရဲကောင်းဆုနဲ့ ဆုကြေးငွေ ချီးမြှင့်ခဲ့ပါတယ်။

Ref: Heroic Tanker Driver Ejiro Otarigho

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top