အဆိုတော်မင်းသမီး အိုင်ယူရဲ့ ရက်ရက်ရောရောမွေးနေ့အလှူ

17.5.2023-yyl-14.jpg

တောင်ကိုရီးယားရဲ့နာမည်ကြီးအဆိုတော်မင်းသမီး အိုင်ယူက မေလ ၁၆ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဆင်နွှဲခဲ့ပါတယ်။ သူဟာ မွေးနေ့အလှူအဖြစ် The Happiness Foundation၊ Heart to Heart Foundation၊ Korean Unwed Mothers Families Association (KUMFA) နဲ့ Korean Foundation for Support of the Senior Citizen in need (KFSSC) အစရှိတဲ့ အဖွဲ့အစည်း ၄ ခုကို ဒေါ်လာ ၁၈၆၈၀၀ (ဝမ် သန်း ၂၅၀) လှူဒါန်းခဲ့တာပါ။ အိုင်ယူနဲ့ သူ့ရဲ့Fan Club UAENA တို့ ပေါင်းပြီးတော့ IUAENA နာမည်နဲ့ လှူဒါန်းခဲ့တာပါ။

အိုင်ယူက အလှူမှတ်တမ်းလွှာတွေကို တွစ်တာအကောင့်မှာ တင်ခဲ့ပြီး “UAENA ဆီက သင်ယူခဲ့ရတဲ့အရာတွေ၊ UAENA ကတဆင့် ခံစားခဲ့ရတဲ့အရာတွေ၊ UAENA ဆီက ရရှိခဲ့တဲ့အရာတွေက အိုင်ယူ ရှေ့ဆက်သွားဖို့၊ ကြင်နာတရားထားတတ်ဖို့အမြဲလေ့ကျင့်ပေးတဲ့အရာတွေဖြစ်မှာပါ။ မင်းတို့ကို ချစ်တယ်။ ဒီနေ့အတွက်လည်း အရမ်းကျေးဇူးတင်တယ်”လို့လည်း ရေးသားခဲ့ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ကလေးများနေ့ မေလ ၅ ရက်နေ့ကလည်း အိုင်ယူက ပီဇာနဲ့ အအေးတွေအပြင် သူ့အမေနဲ့အတူ ပြင်ဆင်ခဲ့တဲ့ တော့ပုကီတွေကိုလည်း Milal School (မသန်စွမ်းကလေးတွေအတွက် အထူးကျောင်း) က ကျောင်းသူ/သားတွေနဲ့ဆရာ/ဆရာမတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၁၅ ခုနှစ်ကတည်းက သူ နှစ်စဉ်လှူဒါန်းလာခဲ့တဲ့ ChildFund Korea ဖောင်းဒေးရှင်းကိုလည်း ဒေါ်လာ ၇၄၇၀၀ (ဝမ် သန်း ၁၀၀) လှူဒါန်းခဲ့ပါတယ်။

Ref: IU Donates 250 Million Won To Meaningful Causes For Her Birthday

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top