ဟယ်ရီပေါ်တာစာအုပ်အသစ်တွေထွက်လာတော့မည်

harry-potter-wallpapers-hd-free-download-hd-wallpapers-download-4k-high-definition-amazing-tablet-background-wallpapers-mac-desktop-images-1024x768.jpg

ဟယ်ရီပေါ်တာပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းပါပဲ။ Pottermore စာအုပ်တိုက်ကနေ ဟယ်ရီပေါ်တာစာအုပ်အသစ်အနေနဲ့ (၄) အုပ် ထပ်မံထွက်ရှိလာတော့မှာဖြစ်ပြီး အီးဘွတ်ခ်(E-book) အနေနဲ့ လာမယ့် ဇွန်လ (၂၇) ရက်နေ့မှာ စပြီးဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Pottermore စာအုပ်တိုက်ကနေ ဟယ်ရီပေါ်တာစာအုပ်အသစ်အနေနဲ့ (၄) အုပ် ထပ်မံထွက်ရှိလာတော့မှာဖြစ်

ဇွန်လ (၂၇) ရက်မှာHarry Potter: A Journey Through Charms and Defence Against the Dark Arts ဆိုတဲ့ စာအုပ်နဲ့ Harry Potter: A Journey Through Potions and Herbology စာအုပ်တွေက အရင်ဆုံးထွက်ရှိလာမှာဖြစ်ပြီး ကျန်တဲ့နှစ်အုပ်ကလည်း ရှေ့ဆင့်နောက်ဆင့် ထွက်ရှိလာမယ်လို့သိရပါတယ်။

ဟယ်ရီပေါ်တာဇာတ်လမ်းတွေဟာ လက်ရှိအချိန်ထိ ဝတ္ထုအနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ ကျော်ကြားခဲ့ကာ အောင်မြင်မှုအကြီးအကျယ်ရရှိထား

ဝတ္ထုတိုပုံစံအနေနဲ့သာထွက်ရှိလာမှာဖြစ်တဲ့ ဒီစာအုပ်လေးအုပ်မှာတော့ အဓိကအနေနဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွေရဲ့ နှလုံးသည်းပွတ်ဖြစ်ခဲ့တဲ့ Hogwarts မှော်ကျောင်းတော်ကြီးမှာ ဟယ်ရီပေါ်တာနဲ့ သူရဲ့သူငယ်ချင်းတွေ သင်ယူလေ့လာခဲ့တဲ့ပညာရပ်နဲ့ မှော်အတတ်တွေအကြောင်းကို အသေးစိတ်ဖတ်ရှုနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။


ပထမဆုံး ဟယ်ရီပေါ်တာဝတ္ထုကို (၁၉၉၇) ခုနှစ်က စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး စာရေးဆရာမ ဂျေကေ ရိုလင်း (J. K. Rowling) ရေးသားတဲ့ ဒီဟယ်ရီပေါ်တာဇာတ်လမ်းတွေဟာ လက်ရှိအချိန်ထိ ဝတ္ထုအနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ ကျော်ကြားခဲ့ကာ အောင်မြင်မှုအကြီးအကျယ်ရရှိထားတာလည်းဖြစ်ပါတယ်။

Ref: Dailymail ” Harry Potter franchise set to release FOUR new stories next month with fans able to ‘delve deeper into the rich history of magic ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top