အတန်းဖော်တွေ ဖန်တီးပေးခဲ့လို့ စက်ရုပ်လက်အတုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကျောင်းသားလေး

30-1-2023yyl-15.jpg

Hendersonville High School အထက်တန်းကျောင်းကို တတ်မယ့် ကျောင်းသားသစ် အသက် ၁၅ နှစ်အရွယ် ဆာဂီအို ပါရယ်တာဟာ ကျောင်းတတ်မယ့် ပထမဆုံးရက်မှာ အခြားကျောင်းသားတွေလိုမဟုတ်ဘဲ အပြည့်အဝပုံစံမကျတဲ့ သူ့ရဲ့ညာလက်နဲ့ပတ်သက်ပြီး သူ့အတန်းဖော်တွေ ဘယ်လိုတွေးကြမလဲဆိုပြီး စိုးရိမ်ပူပန်ခဲ့ရတာပါ။ အဲဒါကြောင့် အတန်းဖော်တွေ မမြင်အောင် သူ့ရဲ့လက်ကို ဝှက်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူ မျှော်လင့်ထားသလိုမျိုးမဟုတ်ဘဲ သူ့အတန်းဖော်တွေက သူ့ကို အံ့ဩစရာကောင်းလောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြပါတယ်။

ကျောင်းရဲ့အင်ဂျင်နီယာဆရာမ ဂျက်ဖ် ဝီလ်ကင်စ်က ပါရယ်တာဆီ လာပြီး သူ့ရဲ့အတန်းဖော်တွေက သူ့ကို အကူအညီပေးနိုင်တယ်လို့လည်း စပြောခဲ့တာပါ။ တကယ်လည်း သူ့အတန်းဖော်တွေက သူ့ကို “ငါတို့ မင်းအတွက် လက်အတု ဖန်တီးပေးနိုင်ပါတယ်”တဲ့။ ပါရယ်တာကလည်း သူ့အတန်းဖော်တွေက သူ့ဘဝကို ပြောင်းလဲပေးခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့အတန်းဖော် (၃) ယောက်က ပါရယ်တာအတွက် လက်တုဖန်တီးပေးဖို့အတွက် အွန်လိုင်းပေါ်မှာ ဝင်ရှာကြည့်ထားတဲ့ လက်တုပုံစံတွေနဲ့ 3D ပရင်တာကို အသုံးပြုခဲ့ကြပါတယ်။ (၄) ပတ်အကြာမှာ သူတို့ရဲ့ပရောဂျက်က အကောင်အထည်ပေါ်လာခဲ့ပါတယ်။

ဘယ်ဖက်လက်နဲ့ပဲ အရာအားလုံးကို လုပ်ဆောင်ဖို့ သင်ယူခဲ့ရတဲ့ ပါရယ်တာက သူ့ရဲ့အတန်းဖော်တွေ ဖန်တီးပေးခဲ့တဲ့ လက်အတုနဲ့ ဘေ့စ်ဘောဘောလုံးကိုတောင် ဖမ်းနိုင်ခဲ့ပါတယ်။ သူ့ဘဝမှာ ဒါဟာ ပထမဆုံးပါပဲ။ “ကျွန်တော် ပထမဆုံးအကြိမ် ဘေ့စ်ဘောဘောလုံးကို ဖမ်းမိတဲ့အချိန် လူတိုင်း အံ့အားသင့်သွားကြပါတယ်။ ၁၅ နှစ်အတွင်းမှာ ကျွန်တော့်ရဲ့ညာဖက်လက်နဲ့ ဘေ့စ်ဘောဘောလုံးကို ဖမ်းမိတာပထမဆုံးပါပဲ”လို့ ပါရယ်တာက ဆိုပါတယ်။

Ref: High School Students Create Robotic Hand for Their New Classmate: ‘They Changed My Life’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top