ကမ္ဘာ့အရောင်းရဆုံးကားအမှတ်တံဆိပ်ဂုဏ်ပုဒ်ကို ၃ နှစ်ဆက် ထိန်းသိမ်းနိုင်ခဲ့တဲ့ တိုယိုတာ

viber_image_2023-01-30_15-18-32-572.jpg

၂၀၂၂ ခုနှစ်အတွင်း ကားအစီးရေ ၁၀.၅ သန်း ရောင်းချခဲ့ရတဲ့ ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီ Toyota Motor Corp ဟာ ကမ္ဘာ့အရောင်းရဆုံးကားအမှတ်တံဆိပ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ၃ နှစ်ဆက်တိုက် ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ တိုယိုတာကုမ္ပဏီဟာ ပြည်တွင်းဈေးကွက်မှာ ရောင်းအား ၉.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၁.၉ သန်းပဲ ရောင်းရပေမဲ့ ကမ္ဘာ့ဈေးကွက်မှာ စံချိန်တင် ရောင်းချရမှုအဖြစ် အစီးရေ ၈.၆ သန်းအထိ ရောင်းချခဲ့ရတာပါ။

ဂျာမနီကားကုမ္ပဏီ Volkswagen Group ကတော့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ကားရောင်းချရမှု အနည်းဆုံးအခြေအနေ ကြုံတွေ့ခဲ့ပြီး အစီးရေ ၈.၃ သန်းပဲ ရောင်းခဲ့ရကာ အဆင့်(၂) နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Ref:Toyota Defends Title as World’s Top-Selling Automaker in 2022

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top