ကျောင်းကစားကွင်းကနေ နှစ်သက်တမ်း ၃၇၀၀ ရှိတဲ့ မီးခတ်ကျောက်ဓား တစ်လက် တွေ့ရှိ

17.5.2023-yyl-8-1.jpg

နော်ဝေနိုင်ငံရဲ့ ကျောင်းကစားကွင်းကနေ ၈ နှစ်အရွယ် ကျောင်းသူတစ်ယောက်က ရှေးဟောင်းဓားတစ်လက် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီးခတ်ကျောက်နဲ့ လုပ်ထားတဲ့ ဓားဖြစ်ပြီး နှစ်သက်တမ်း ၃၇၀၀ လောက်ရှိပြီလို့ ခန့်မှန်းကြပါတယ်။ နော်ဝေနိုင်ငံက မီးခတ်ကျောက် မထွက်လို့ ဒိန်းမတ်နိုင်ငံကနေ ရောက်ရှိလာတာဖြစ်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

မီးခတ်ကျောက်ဆိုတာ လူသားတွေ စတင်သုံးစွဲတဲ့ နည်းပညာတစ်ရပ်ဖြစ်ပြီး တိရစ္ဆာန်တွေကို အရေခွံစုတ်ဖို့၊ ခွဲစိတ်မှုတွေလုပ်ဖို့ မီးခတ်ကျောက်နဲ့လုပ်တဲ့ ကိရိယာတွေကို အသုံးပြုလေ့ရှိပါတယ်။
ဥရောပဟာ ကျောက်ခေတ်နှောင်းပိုင်းကို အချိန်အကြာဆုံး ဖြတ်သန်းခဲ့ရတဲ့နယ်မြေဖြစ်ပြီး မီးခတ်ကျောက်ဓားဆိုတာလည်း ကျောက်ခေတ်နှောင်းပိုင်းမှာ နောက်ဆုံးအသုံးပြုခဲ့ကြတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

မီးခတ်ကျောက်ဓား တွေ့ရှိခဲ့ပြီးနောက် ကျောင်းကစားကွင်းအတွင်း တူးဖော်ရှာဖွေမှုတွေ ဆက်လုပ်ခဲ့ပေမဲ့ နောက်ထပ်ရှေးဟောင်းပစ္စည်းတစ်ခုမျှ ထပ်မတွေ့ရပါဘူး။ လက်ရှိအချိန်မှာတော့ အဲဒီဓားကို ဘာဂန်တက္ကသိုလ်ပြတိုက်ရဲ့ ကျွမ်းကျင်ပညာရှင်တွေက ခွဲခြမ်းစိတ်ဖြာမှုတွေ ဆက်လုပ်နေပါတယ်။

Ref: 8-Year-Old Norwegian Girl Discovers Neolithic Flint Knife Among Stones on School Playground

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top