ကျောင်းသားလေးတွေက ကျောင်းစောင့်ကြီးကို ဂျစ်ကားသစ်တစ်စီး မွေးနေ့လက်ဆောင်ပေး

18.9.2024-yyl-4.png

အထက်တန်းကျောင်းသားလေးတစ်ဖွဲ့ဟာ သူတို့ အလွန်ချစ်ခင်တဲ့ ကျောင်းစောင့်ကြီးကို ကားသစ်တစ်စီး မွေးနေ့လက်ဆောင်ဝယ်ပေးပြီး အံ့အားသင့်စေခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ် ဂျိမ်းစ်မက်ဒီဆင် အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော် ရန်ပုံငွေရှာဖွေပြီး ဂါနာနိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ ကျောင်းစောင့်ကြီး ဖရန်ဆစ်အပရာကူအတွက် Jeep Wrangler ကားသစ်တစ်စီး ဝယ်ပေးခဲ့တာပါ။

အပရာကူဟာ ကျောင်းသား/သူ‌တွေကို နွေးထွေးဖော်ရွေစွာ ဆက်ဆံတတ်သူဖြစ်ပြီး အမြဲတမ်းလိုလို အပြုံးနဲ့ဆီးကြိုတတ်သူပါ။ ဒီအတွက် ကျောင်းသား/သူတွေက သူ့ကို ချစ်ခင်ကြပြီး စက်တင်ဘာလ ၉ ရက်မှာ ကျရောက်တဲ့ သူ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ပြီးခဲ့တဲ့မေလကတည်းက GoFundMe စာမျက်နှာတစ်ခု တည်ထောင်ခဲ့ကြတာပါ။

ရပ်ရွာအတွင်း နေထိုင်ကြသူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုနဲ့အတူ ဒေါ်လာ ၂၁၀၀၀ ရရှိခဲ့ကြပြီး ကြက်သွေးရောင်ဂျစ်ကားသစ်ကြီး ဝယ်ပေးနိုင်ခဲ့တာပါ။ အပရာကူကတော့ မယုံနိုင်အောင် အံ့အားသင့်ခဲ့ပြီး သူ့ဘဝမှာ ဒီနေ့ကို မေ့မှာမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

Ref: High Schoolers Surprise Ghanaian Janitor with Dream Car: a Cherry Red Jeep in Time for His Birthday

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top