အိပ်ရာဝင်ဖို့အသင့်တော်ဆုံးအချိန်က ဘယ်အချိန်လဲ

young-man-using-a-smartphone-in-his-bed-at-night-P88RXTS-e1550825035963.jpg

ကဲ…ဒါဆို ဘယ်အချိန်မှာ အိပ်ရာဝင်တာက အသင့်တော်ဆုံးဖြစ်မလဲ။ မနက်စောစောမှာအိပ်ရာထနိုင်ဖို့အတွက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာအိပ်ရာဝင်တာဟာ အကောင်းဆုံးဖြစ်ပါတယ် တဲ့။ ဒီအချိန်လောက်မှာအိပ်ရမှာက စောလွန်းနေတာပေါ့ လို့ ထင်သွားမိပြီလား။ မစောပါဘူး။ အသေးစိတ်ကို ထပ်ပြီးရှင်းပြပေးပါမယ်။

အိပ်စက်မှုဟာ လူသားတွေအတွက် တကယ်အရေးပါတဲ့အရာဖြစ်သလို အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားရှိတာကလည်း တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ ည ၁၀ နာရီမှအိပ်မယ်လို့ သတ်မှတ်ချင်တာမျိုးကတော့ မသင့်တော်နိုင်ပါဘူး။ တစ်ခါတလေမှာ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်လို့၊ ရှိုးပွဲသွားကြည့်လို့၊ အလုပ်တွေဆက်ပါလာလို့ နောက်ကျပြီးအိပ်ရတာမျိုး ရှိကောင်းရှိနိုင်ပေမဲ့ ညအများစုမှာတော့ ၈ နာရီ ၄၅ ဝန်းကျင်မှာ ပုံမှန် အိပ်ရာဝင်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ အိပ်ရာထဲရောက်လို့ ချက်ချင်းအိပ်မပျော်နိုင်သေးဘူးဆိုရင် စာအုပ်တစ်အုပ်ကို ခဏလောက်အာရုံစိုက်ပြီး ဖတ်နေလိုက်ပါ။ တဖြည်းဖြည်းအိပ်ချင်စိတ်ပေါ်လာတာနဲ့ နှိုးစက်ကို မနက် ၅ နာရီ ၁၅ လောက်ထားပြီး အိပ်ပစ်လိုက်ပါတော့။ အိပ်ချိန် ၈ နာရီရလိုက်တာကြောင့် နောက်တစ်နေ့မနက်မှာ လန်းလန်းဆန်းဆန်း နိုးလာပါလိမ့်မယ်။

ဒီလိုအလေ့အကျင့်ကို ကြိုးစားရတာက အစပိုင်းမှာတော့ ခက်ခဲနေမှာပါပဲ။ (တချို့သူတွေအတွက်တော့ မြန်မြန်ပဲအဆင်ပြေသွားတတ်ပါတယ်) ဒါကို စိုးရိမ်နေစရာမလိုပါဘူး။ တဖြည်းဖြည်းနဲ့ ကျင့်သားရလာတဲ့နောက်မှာ အချိန်တွေကို မျှတအောင်ထိန်းညှိတတ်လာပြီး ကောင်းကောင်းမွန်မွန် အနားယူနိုင်တဲ့အချိန်တွေလည်း ပိုရလာပါလိမ့်မယ်။

မေးစရာရှိလာနိုင်တာက အခုလိုစောစောအိပ်တဲ့အခါကိုယ့်ရဲ့လူမှုဘဝအတွက် အချိန်တွေကို မထိခိုက်သွားဘူးလားဆိုတာပါ။ ဒီလိုမျိုး မထိခိုက်လာစေချင်ရင် အပေါင်းအသင်းတွေနဲ့ဆုံစရာ၊ ချစ်သူနဲ့တွေ့တာမျိုး စတာတွေကို ညနေ ၆ နာရီကနေ ၈ နာရီ ၄၅ အတွင်း အချိန်ပေးနိုင်အောင် စီမံတတ်ဖို့လိုပါတယ်။ ဘာပဲဖြစ်ဖြစ် စောစောအိပ်ရာထချင်ရင်တော့ စောစောအိပ်ရာဝင်မှပဲ ဖြစ်နိုင်မှာပါ။

မနက်အိပ်ရာထတိုင်း စိတ်လက်မကြည်မသာနဲ့ အိပ်ရေးမဝတဲ့ဝေဒနာခံစားရတာတွေကင်းဝေးပြီး လန်းဆန်းပေါ့ပါးစွာနဲ့ တစ်နေ့တာလုံးတက်ကြွနေဖို့အတွက်က စောစောလေးအိပ်ရာဝင်ဖြစ်ဖို့ပဲ လိုတာပါ။ ဘယ်အချိန်လဲဆိုတော့ “ည ၈ နာရီ ၄၅ မိနစ်” ဖြစ်ပါတယ်။

Ref: THECUT.com “The Best Time to Go to Bed is 8:45”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top