လေထိုးလေအောင့်ခြင်းကို ယူပစ်သလို မြန်မြန်ဆန်ဆန်ပျောက်သွားစေနိုင်တဲ့နည်းလမ်းများ

26-8-2020-yyl-016.jpg

ကျွန်တော်တို့ရဲ့အစာခြေစနစ်လုပ်ဆောင်ချက်တွေမှာ ဂတ်စ်တွေဖြစ်တည်နေတတ်တာ သဘာဝပါပဲ။ တစ်ခါတလေ ဂတ်စ်များလွန်းတာက ဝမ်းဗိုက်ပြဿနာတွေ ဖြစ်လာစေတဲ့အတွက် စိတ်မသက်မသာဖြစ်ရပါတယ်။ ဂတ်စ်တွေက သင့်ရဲ့အူထဲမှာ အများလာမယ်ဆိုရင် လေထိုးလေအောင့်တာတွေဖြစ်လာရပါတယ်။ လေထိုးလေအောင့်တာ အရမ်းမဆိုးရင် ဘာကုသနည်းမှ လိုအပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းလေထိုးလေအောင့်လာပြီဆိုရင် သက်သာသွားဖို့ ဆေးသောက်တာ၊ ကုသတာတွေလုပ်ရမှာဖြစ်ပါတယ်။ လေထိုးလေအောင့်ခြင်းကို ယူပစ်သလို မြန်မြန်ပျောက်ကင်းသွားစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးမယ်နော်။

လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကုသနည်း

ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ပေးတာကလည်း လေထိုးလေအောင့်တာကို သက်သာသွားစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ သင့်အူကို အစာခြေစနစ်ကနေ လျင်လျင်မြန်မြန်ရွှေ့သွားအောင် လှုပ်ဆော်ပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လေထိုးလေအောင့်တာကို သက်သာသွားစေဖို့ အကူအညီဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတချို့ကတော့

  • ပလက်လန်အနေအထားနဲ့ စက်ဘီးနင်းသလို ပုံစံမျိုး ခြေထောက်ကို ရွှေ့လျားပေးပါ
  • အစာစားပြီးနောက် လမ်းအနည်းငယ်လျှောက်ပေးပါ
  • ယောဂကလည်း လေထိုးလေအောင့်တာကို မြန်မြန်ဆန်ဆန် သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

ပက်ပါမင့် အဆီ (ပူစီနံ) နဲ့ကုသနည်း

မအီမသာဖြစ်တာ၊ လေထိုးလေအောင့်တာ၊ ဝမ်းချုပ်တာတွေလို ဝမ်းဗိုက်ရောဂါပြဿနာတွေရဲ့ လက္ခဏာရပ်တွေကို ပူစီနံအဆီကလည်း သက်သာစေနိုင်ပါတယ်။ ပူစီနံက ဝမ်းဗိုက်မှာ နာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကြွက်သားကျုံ့ဆန့်တာကနေ သင့်အူမကို ရပ်တန့်စေတဲ့ Antispasmodic ဂုဏ်သတ္တိပါဝင်ပါတယ်။ ပူစီနံအဆီကို သောက်တဲ့ ဝမ်းဗိုက်ပြဿနာခံစားရတဲ့လူတွေက မသောက်တဲ့သူတွေထက် ရောဂါလက္ခဏာသိသိသာသာ တိုးတတ်မှုရှိတာကို မြင်တွေ့ခဲ့ရတယ်လို့ ၂၀၁၄ခုနှစ်က လေ့လာချက်က ဆိုပါတယ်။ Peppermint Capsule တောင့်ဝယ်ပြီး ထမင်းမစားခင် (၁) နာရီဝန်းကျင်လောက်မှာ (၁) လုံး သောက်ပေးလို့ရပါတယ်။

အပူအိတ်ကပ်ပေးခြင်းဖြင့် ကုသနည်း

အပူအိတ်အသုံးပြုတာကလည်း ဂတ်စ်ကြောင့်ဖြစ်တဲ့ အစာအိမ်နာကျင်တာကို သက်သာသွားအောင် ကူညီနိုင်တယ်လို့ လေ့လာချက်တချို့က ဆိုပါတယ်။ (၁၀၄) ဒီဂရီဖာရင်ဟိုက်ထိအပူပေးထားတဲ့ အပူအိတ်တွေက အစာအိမ်နာကျင်တာကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။

အထက်ပါနည်းလမ်းတွေက လေထိုးလေအောင့်ဖြစ်တာကို ကုသဖို့အတွက် အန္တရာယ်ကင်းပေမဲ့လည်း လေထိုးလေအောင့်တာ ပုံမှန်လိုလိုဖြစ်နေရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

Ref: Home remedies to get rid of gas pain faster

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top