ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန် ခန္ဓာကိုယ်အပူချိန်ကို အိမ်မှာစစ်ဆေးနိုင်မယ့် နည်းလမ်းတွေ

7-4-2020-yyl-013.jpg

COVID-19 ကပ်ရောဂါက တောမီးလိုပဲ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ရောဂါကူးစက်မှုရဲ့ အပြောအများဆုံးလက္ခဏာရပ်တွေကတော့ ဖျားနာတာ၊ ချောင်ခြောက်ဆိုးတာနဲ့ အသက်ရှုရခက်ခဲတာတို့ဖြစ်ပါတယ်။ ကူးစက်ခံရသူအရေအတွက်က အဆက်မပြတ်တိုးလာတာနဲ့ နိုင်ငံတွေရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပိုပြီး အရေးကြီးလာပါတယ်။ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူ ၉၅ ရာခိုင်နှုန်းက ကုသလို့ရတဲ့ လက္ခဏာရပ်အပျော့စားရှိနေပြီး အိမ်မှာ နေပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်လို့ရပါတယ်။ လက္ခဏာပျော့တဲ့လူတွေအတွက် ကြောက်ရွံမှုတွေက ဗိုင်းရပ်စ်နဲ့ ထိတွေ့နိုင်စေပါတယ်။ ဆရာဝန်တွေ ပေးတဲ့ အကြံပေးချက်တွေက တစ်နေ့ကို အနည်းဆုံး ၂ ကြိမ် ကိုယ်အပူချိန်ကို တိုင်းပေးဖို့လိုအပ်တာနဲ့ ကိုယ်အပူချိန်က ဆိုးနေလား ကောင်းလာဆိုတာသိရဖို့ စစ်ဆေးဖို့ပါပဲ။ အိမ်မှာ သင့်ရဲ့အပူချိန်ကို စစ်ဆေးတဲ့အခါ သင် လိုက်နာလို့ရတဲ့ ဆရာဝန်အကြံပြုချက်နည်းတချို့ကတော့

အပူချိန်က ပြောင်းလဲပါတယ်

သာမန်ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက်ရှိတယ်လို့ ကျွန်တော်တို့တွေ အမြဲပြောဖူးကြပါတယ်။ ဒါပေမဲ့ တကယ်တော့ သာမန်ကိုယ်အပူချိန်က ၉၇.၉ ဒီဂရီဖာရင်ဟိုက်ဖြစ်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ကိုယ်အပူချိန်ကလည်း ခန္ဓာကိုယ်အလေးချိန်၊ အရပ်နဲ့အခြားကဏ္ဍတွေအရ လူတစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲပါတယ်။ ဒါကြောင့် အဖျားနည်းနည်းရှိနေရင်စစ်ဆေးဖို့အတွက် ၁၀၀ .၅ ဒီဂရီဖာရင်ဟိုက်နဲ့ အထက်ကို ဖတ်ပေးတဲ့ သာမိုမီတာကို ရှာပါ။

အချိန်ကိုက်က အရေးကြီးတယ်

တချို့လူတွေက အဖျားရှိနေရင် အိပ်ရာနိုးချင်မှ နိုးကြမှာပါ။ အမြဲလိုလို ညနေ ၄ နာရီကနေ ၉ နာရီကြားအချိန်မှာ ကိုယ်အပူချိန်အမြင့်ဆုံးဖြစ်တဲ့အချိန်ပါပဲ။ ဒါကြောင့် သင့်ခန္ဓာကိုယ်အပူချိန်ကို တစ်နေ့ကို နှစ်ကြိမ် တိုင်းတာမယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ တိုင်းတာသင့်ပါတယ်။ အဖျားရှိမရှိသိနိုင်မှာပါ။ နေ့တိုင်းတိကျတဲ့အချိန်မှာ ကိုယ်အပူချိန်တိုင်းတာကလည်း ဘယ်လို အတတ်အကျမျိုးအတွက်မဆို စစ်ဆေးပေးဖို့ ကူညီပေးပါလိမ့်မယ်။

အသုံးပြုသင့်တဲ့ အပူချိန်တိုင်းကိရိယာ

သင့်အပူချိန်ကို တိုင်းတာမယ်ဆိုရင် ဖန်စီဆန်တဲ့အရာတွေကို မလိုပါဘူး။ ရိုးရိုးရှင်းရှင်းဆေးဘက်ဆိုင်ရာသာမိုမီတာက သင့်ခန္ဓာကိုယ်အပူချိန်ကို သေသေချာချာ ဖတ်ပေးပါတယ်။ သင့်နဖူးပေါ်ထားပြီး စမ်းသပ်တဲ့ နည်းပညာအသုံးပြုထားတဲ့ ကိရိယာတွေဝယ်ဖို့ ပိုက်ဆံများများသုံးစရာမရှိပါဘူး။ ဒီလိုကိရိယာတွေက လေဆိပ်လို လူသွားလူလာများတဲ့နေရာတွေမှာ အသုံးပြုကြတာပါ။ ဒါကြောင့် အိမ်မှာ မိမိကိုယ်တိုင် ကိုယ်အပူချိန်တိုင်းတဲ့အခါမှာ အဲဒီလိုကိရိယာမျိုးမလိုအပ်ပါဘူး။ သာမိုမီတာသုံးပြီးတဲ့နောက်မှာ သာမိုမီတာကို ပိုးသတ်ဖို့ သတိရပါ။ အခြားသူတွေနဲ့လည်း မျှဝေမသုံးပါနဲ့။

အဖျားရှိနေတယ်ပြောပြနေတဲ့အခြားလက္ခဏာတွေ

သာမိုမီတာက သင် အဖျားရှိနေလား မရှိဘူးလားဆိုတာကို ပြောပြဖို့ တိကျဆုံးနည်းပါပဲ။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်မှာ အဖျားရှိနေတယ်ဆိုတာကို ပြောပြနေတဲ့ အခြားနည်းတွေလည်းရှိပါတယ်။ ဒီလက္ခဏာရပ်တွေက ငယ်ငယ်လေးကတည်းက သတိပြုမိနေခဲ့တာပါ။ ချမ်းစိမ့်စိမ့်ဖြစ်ပြီး ချွေးပြန်လာကာ ခန္ဓာကိုယ်နာကျင်လာတာတွေက အဖျားရှိတယ်ဆိုတာကို သိနိုင်တဲ့အချက်တွေပါ။

သင်က အဖျားကို ရက်အနည်းငယ်အတွင်းမှာ စမ်းသပ်မိတဲ့အခါ အဖျားကျသွားတာ မတွေ့ရဘူးဆိုရငိ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အချိန်ရောက်ပါပြီ။ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကနေ သင့်မိသားစုတွေကို ကယ်တင်နိုင်ဖို့အတွက် တစ်ယောက်တည်း သီးခြားနေဖို့ အရေးကြီးပါတယ်။

Ref: Tips to track your temperature during the coronavirus pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top