နေ့စဉ် ပျားရည်သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ

honey-with-flowers-PXPHG2T.jpg

ပျားရည်ကို ရှေးခေတ်ဘုရင်တွေ လက်ထက်ကတည်းက နန်းတွင်းဆေးအဖြစ် သုံးစွဲလာခဲ့ကြတာဖြစ်ပါတယ်။ မနက်စာ မစားခင်မှာ ပျားရည်ကို ရေနွေးလေးနဲ့ ရောပြီး သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

တခြား ဖြည့်စွက် အာဟာရတွေအတွက် ပိုက်ဆံအပို အကုန်ကျခံနေစရာ မလိုဘဲ နေ့စဉ် ပျားရည်နဲ့ ရေနွေးအရော တစ်ခွက် သောက်သုံးခြင်းကနေ တခြား အစားအစာတွေက မရရှိနိုင်တဲ့အာဟာရဓာတ် များစွာကို ရရှိနိုင်ပါတယ်။ ရိုးရာလေး စာဖတ်ပရိသတ်တွေအတွက် နေ့စဉ် ပျားရည် သောက်သုံး ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ချိုတဲ့ အစားအစာအများစုဟာ ခန္ဓာကိုယ် အလေးချိန်ကိုတက်စေပြီး ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ ပျားရည်ကို ရေနွေးနဲ့ သောက်သုံးခြင်းကတော့ ခန္ဓာကိုယ် အလေးချိန်ကို ကျစေပါတယ်။ ပျားရည်မှာ သဘာဝ သကြားဓာတ်ပါဝင်ပြီး ခန္ဓာကိုယ် အတွက်အထောက်အကူ ဖြစ်စေပါတယ်။

ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာ ကြံခိုင်ဖို့အတွက် နေ့စဉ် စားသောက်တဲ့ အစားအစာတွေက အဆိပ်အတောက်တွေ၊ အဆုတ်ထဲကို ရှုသွင်းတဲ့လေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ပျားရည်ဟာ အဆိပ်အတောက်များကို အကောင်းဆုံးနဲ့ အမြန်ဆုံး ဖယ်ရှားပေးနိုင်တဲ့ သဘာဝ အချိုရည် တစ်မျိုး ဖြစ်ပါတယ်။

ပျားရည်ဟာ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ပျားရည်ကို ဆီးရွှင်စေတဲ့ သံပုရာရည်နဲ့ ရောစပ်ပြီး နေ့စဉ်သောက်သုံးပေးရင် ဆီးလမ်းကြောင်းရောဂါ ဖြစ်ပွားစေတဲ့ ဘတ်တီးရီယားများကို ဆီးနဲ့အတူရောပါသွားစေပြီး ရောဂါ သက်သာစေပါတယ်။

ဂတ်စ်များတဲ့ အစားအသောက်တွေ စားသောက်ပြီး လေပွတဲ့အခါ ပျားရည်အနည်းငယ်ကို သောက်သုံးပေးသင့်ပါတယ်။ ပျားရည်ဟာ ဗိုက်နာခြင်း၊ ဗိုက်ပွခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကို ချက်ချင်း သက်သာပျောက်ကင်းစေပါတယ်။

ရာသီဥတု အပူချိန် မြင့်တက်ခြင်းကြောင့် လည်ချောင်းနာခဲ့ရင် ပျားရည်ကို ရေနွေး အနည်းငယ်နဲ့ ရောစပ်ပြီး သောက်သုံးပေးလို့ရပါတယ်။ မနက်စောစောမှာ အဲဒီလို သောက်လိုက်ရင် ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ အာသီးယောင်တာတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါလိမ့်မယ်။

Ref: www.stethnews.com

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top