ဝိတ်ချနေသော်လည်း ဝိတ်ကျမလာရသည့်အကြောင်းအရင်းများ

weight-loss-math-640x427.jpg

ကိုယ်အလေးချိန်များသူတွေအနေနဲ့ ဝိတ်ကျလိုကျငြားကြိုးစားကြတဲ့အခါ တစ်ခုခုထူးခြားမလာဘဲ ပိုလို့တောင် ဝလာတဲ့ အဖြစ်မျိုးကို ကြုံကြရတတ်ပါတယ်။ ဒီတော့ ဝိတ်ကျ မလာတာဟာ လေ့ကျင့်လိုက်နာနေတဲ့နည်းလမ်းက မှားနေတာကြောင့်လားလို့ တွေးကြတော့တာပါပဲ။ ဒီလိုဖြစ်နေတယ်ဆိုရင် အခုပြောပြထားတဲ့အချက်တွေကို ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်ဖို့လိုနေပါပြီ။

အစားအသောက်နဲ့ အလေ့အကျင့်တွေ မှန်ရဲ့လား

အစာစားတဲ့အခါ ဘယ်အစားအစာကိုစားလဲ ဆိုတဲ့ မေးခွန်းထက် ဘယ်အချိန်စားတာလဲ၊ ဘယ်နေရာမှာစားတာလဲ၊ ဘာကြောင့်စားတာလဲ ဆိုတဲ့ မေးခွန်းတွေက ပိုအရေးကြီးပါတယ်။ အစား စားတဲ့အခါ ကျန်းမာရေးအရလိုအပ်လို့စားတာမျိုးက မှန်ပေမဲ့ ပျင်းလို့စားမိတာမျိုး ရှိလား၊ ဗိုက်ဆာလို့စားတာလား၊ အားနာလို့စားတာလား၊ စိတ်ညစ်လို့စားတာလား၊ နှမြောလို့စားတာလား စသဖြင့် မေးခွန်းထုတ်စရာတွေရှိနေပါတယ်။ မိမိအနေနဲ့ ကျန်းမာရေးအတွက်ရယ်လို့ မဟုတ်ဘဲ စားရတာမျိုးဆိုရင်တော့ ရှောင်လိုက်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီတော့ စားတဲ့အခါမှာ အချိန်ဟာလည်း စကားပြော ပါတယ်။ ညသန်းခေါင်မှာထစားတတ်ရင် ဝိတ်ကျဖို့ကို အိပ်မက်မက်လို့ပဲရပါလိမ့်မယ်။

သင့်အသက်က ပိုငယ်မလာတော့ပါ

လေ့လာဆန်းစစ်ချက်အရ လူကြီးတစ်ယောက်ဟာ တစ်နှစ်ကို ကြွက်သား (၈) ရာခိုင်နှုန်းလောက် ဆုံးရှုံးပါတယ်။ ပိုပြီးတော့ နုပျိုသွားတာမဟုတ်ဘူးပေါ့။ ပျောက်သွားတဲ့ကြွက်သားတွေ အစား အဆီတွေ အစားဝင်ဖို့ပိုများပါတယ်။ ဒီတော့ အသက်ကြီး လာလေလေ ဝိတ်ကဖို့ခက်လာလေလေ ဖြစ်ပါတယ်။

အိပ်ရေးမဝခြင်း

အိပ်ရေးဝဝမအိပ်ခြင်းဟာလည်း ပိုဝလာစေပါတယ်။ ညဘက် အိပ်ရေးမဝသူဟာ နောက်နေ့စားတဲ့အစားမှာ ကယ်လိုရီပိုများပြီး ကယ်လိုရီနဲ့ သကြားဓာတ်တွေက အဆီတွေကို ပိုတိုးလာစေမှာဖြစ်ပါတယ်။ အိပ်ရေးမဝရင် ပရိုတိန်းဓာတ်ကြွယ်တာကို စားတာကပဲ ဝိတ်ကျဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

ဆင်ခြင်စားသောက်ရန်လိုအပ်ခြင်း

ပညာရှင်တွေရဲ့လေ့လာချက်အရ လူတွေဟာ အစားအသောက်တစ်ခုခုကို ကျန်းမာရေးကောင်းစေတယ်လို့ထင်မိရင် ပိုလို့ စားတတ်ကြပါတယ်။ ဘယ်အရာမဆို လိုအပ်တာထက်စားမိရင် ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှမဖြစ်စေပါဘူး။ ပိုပြီးတော့ပဲ ဝလာစေပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စားရတာတွေကိုလည်း ဆင်ခြင်ပြီး စားဖို့လိုပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများရင် stress hormone တိုးလာစေတတ်တာကြောင့် ပိုဝလာစေမှာပါ။ ဒါကြောင့်မို့ စိတ်ဖိစီးမှုမဖြစ်အောင် အားကစားလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ စာဖတ်ခြင်း၊ အကောင်းမြင်စိတ်ထားခြင်းစတာတွေကို ကြိုးစားလုပ်ဆောင်ရမှာဖြစ်ပါတယ်။

 

အကျင့်တစ်ခုကို စွဲမြဲစေဖို့က အနည်းဆုံး (၁၈) ရက်ကြာနိုင်ပြီး အချို့ဆို (၂၅၄) ရက်လောက်အထိကြာပြီးမှ ရသွား တာမျိုးတွေရှိပါတယ်။ ဒါကြောင့် ဝိတ်ကျဖို့ကြိုးစားတဲ့အခါ စိတ်ရှည်ဖို့လည်းလိုပါတယ်။ အခု ပြောခဲ့တဲ့အချက်တွေကို လေ့လာလိုက်နာပြီး ရှောင်ကြဉ်ဂရုထားမယ်ဆိုရင် အဆီပိုတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်လာမှာဖြစ်ပါကြောင်း…။

Ref: “Why can’t I lose weight?”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top