ဟောင်ဟောင်မင်းသားကြီး လီလုံခေးအတွက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာ အသက်အရွယ်နဲ့ မဆိုင်ဘူးလို့ဆိုရမှာပါပဲ။ အသက် ၇၄ နှစ်အရွယ် လီလုံခေးက လက်ရှိ ထောင်ကျနေတဲ့ သူ့ရဲ့ချစ်သူကောင်မလေး ခရစ်ဝမ်ကို လက်ထပ်ခွင့်တောင်းထားတယ်ဆိုတာကို ဧပြီ ၁ ရက်နေ့က ထုတ်ပြောပြခဲ့ပါတယ်။ ခရစ်ဝမ်က သူ့ထက် ၃၇ နှစ် ငယ်ပြီး စာရွက်စာတမ်းအတုလုပ်မှု များပြားမှုနဲ့ လက်ဝယ်ထားရှိမှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လက ထောင်ဒဏ် ၂၅ လ ကျခံခဲ့ရတာပါ။ အခုနှစ် ဇူလိုင်လမှာ ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိပါတယ်။
ခရစ်ဝမ်က ထောင်ထဲကနေ လီလုံခေးဆီ စာအစောင် ၄၁၀ ရေးသားပေးပို့ထားပါတယ်။ လီလုံခေးကလည်း သူ့ရဲ့အပတ်တိုင်း အချိန်ဇယားတွေကို စာကနေတဆင့် မျှဝေပေးပေးပါတယ်။
သူတို့တွဲနေကြတာ ၄ နှစ်ရှိပြီဆိုတာကို ၂၀၂၃ ခုနှစ်က ထုတ်ပြောပြခဲ့တာဖြစ်ပြီး အဲ့ဒီနှစ်နောက်ပိုင်းမှာ လက်ထပ်ဖို့ စီစဉ်ထားခဲ့တာပါ။ မကြာသေးခင်က လုံခေးဟာ ခရစ်ဝမ်ဆီ သွားလည်ခဲ့ပြီး လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ သူ ထောင်ကလွှတ်တာနဲ့ လက်ထပ်မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။ လက်ထပ်ပွဲအနေနဲ့ကတော့ သူငယ်ချင်းမိတ်ဆွေအနည်းငယ်ကိုပဲ ဧည့်ခံကျွေးမွေးတဲ့ပွဲအသေးစားပဲလုပ်ဖြစ်မှာဖြစ်ပါတယ်။
Ref: Hong Kong actor Lee Lung Kei still plans to marry fiancee 37 years younger after her release from prison
WL (ရိုးရာလေး)