TikTok သည် ယုံကြည်စိတ်ချရသော ဖျော်ဖြေရေးဒေတာနှင့် သုတေသနအရင်းအမြစ်အဖွဲ့အစည်းတစ်ခုဖြစ်သော Luminate နှင့် ပူးပေါင်းပြီး ဒုတိယမြောက် Music Impact Report ကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။
Music Impact Report 2024 သည် ဂီတဂေဟစနစ်အပေါ် TikTok App ၏ အကျိုးသက်ရောက်မှု၊ TikTok နှင့်
အသုံးပြုသူများ၏ ထူးခြားသော အခန်းကဏ္ဍကို ခွဲခြမ်းစိတ်ဖြာထားသည့် အစီရင်ခံစာဖြစ်ပါသည်။ အစီရင်ခံစာတွင် Luminate မက်ထရစ်များ၊ TikTok မက်ထရစ်များနှင့် Billboard Global 200 Chart အပါအဝင် အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာဒေတာများကို လေ့လာဆန်းစစ်ထားပါသည်။
Music Impact Report 2024 တွင် တေးဂီတရှာဖွေတွေ့ရှိမှု၊ ပလပ်ဖောင်းပြင်ပ ဂီတတန်ဖိုးသက်ရောက်မှု၊ Music Stream များ၊ Super Fan များနှင့် ဂီတအောင်မြင်မှုအပါအဝင် နယ်ပယ်အများအပြားရှိ အနုပညာရှင်များနှင့် ဂီတလုပ်ငန်းအပေါ် TikTok နှင့် ၎င်း၏ အသုံးပြုသူများမှ အားဖြည့်ကူညီမှုတို့နှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုများကို ထည့်သွင်းတွက်ချက်ထားပါသည်။ ‘TikTok သည်တေးဂီတရှာဖွေတွေ့ရှိမှု၊ Monetization နှင့် ဇယားအောင်မြင်မှု၏ အဓိကမောင်းနှင်အားဖြစ်ပါသည်’ ဟု အစီရင်ခံစာတွင် ကောက်ချက်ချထားပါသည်။
အစီရင်ခံစာတွင် Chappell Roan၊ Sabrina Carpenter၊ Korn နှင့် Alphaville အပါအဝင် စူပါစတားအနုပညာရှင်များ၊ တက်သစ်စအနုပညာရှင်များနှင့် ကတ်တလောက်အနုပညာရှင်များ၏ TikTok ရှိ ၎င်းတို့၏ အောင်မြင်မှုဇာတ်လမ်းများကို ခွဲခြမ်းစိတ်ဖြာမှုများလည်း ပါဝင်ပါသည်။
ဤအစီရင်ခံစာ၏ ကမ္ဘာလုံးဆိုင်ရာ ရလဒ်များတွင် ပါဝင်သည့် အဓိကအချက်များမှာ –
- TikTok သည် ပလက်ဖောင်းပြင်ပတွင်ပါ တန်ဖိုးဖန်တီးနိုင်ပါသည်။
- TikTok ၏ Add to Music App လုပ်ဆောင်မှုကို ၂၀၂၄ ခုနှစ်တွင်
မိတ်ဆက်ပြီးနောက်မှ ယနေ့ထိ သီချင်းသိမ်းဆည်းမှုများ တစ်ဘီလီယံကျော်
ဖန်တီးနိုင်ခဲ့ပါသည်။
- TikTok သည် Music Stream များအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိပါသည်။TikTok နှင့် ပတ်သက်ဆက်နွယ်သည့် အနုပညာရှင်များသည် တခြားအနုပညာရှင်များထက် တစ်နှစ်တာအတွင်း ပိုမိုမြင့်မားသော Streaming Volume ရရှိကြပါသည်။ ပျမ်းမျှအားဖြင့် TikTok နှင့် ပတ်သက်ဆက်နွယ်သည့် အနုပညာရှင်များသည်အပတ်စဥ် ၁၁ ရာခိုင်နှုန်း Streaming Growth Rate ရှိသော်လည်း အခြားအနုပညာရှင်များမှာမူ ၃ ရာခိုင်နှုန်း သာရှိပါသည်။ သုတေသနပြုလေ့လာသည့် အနုပညာရှင်များ၏ ၉၆ရာခိုင်နှုန်းအတွက် TikTok တွင် ရရှိသော စုစုပေါင်းကြည့်ရှုမှုများနှင့် Streaming Volume များသည် သိသိသာသာ သက်ဆိုင်မှုရှိပါသည်။
- TikTok သည် ဂီတဇယားဆိုင်ရာအောင်မြင်မှုအပေါ်တွင် အကျိုးသက်ရောက်စေပါသည်။
၂၀၂၄ ခုနှစ်တွင် Billboard Global 200 စာရင်းသို့ ဝင်ရောက်သည့် သီချင်းများ၏ ၈၄ ရာခိုင်နှုန်းသည် စာရင်းထဲ မ၀င်ခင် TikTok တွင် အရင် Viral ဖြစ်ပြီး လူကြိုက်များခဲ့ကြသော သီချင်းများဖြစ်ပါသည်။
“TikTok ဟာ သီချင်းအသစ်တွေ ရှာဖွေတွေ့ရှိမှုနဲ့ အနုပညာရှင်တွေရဲ့ အောင်မြင်မှုတွေမှာ တွန်းအားတစ်ခုဖြစ်တယ်ဆိုတာ လူသိများပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ Luminate ရဲ့ အစီရင်ခံစာက ပိုပြီးအသေးစိတ်ကျတဲ့ အချက်တွေကို ဖော်ပြပေးထားပါတယ်။ အထူးသဖြင့် TikTok နဲ့ သီချင်းတွေကို အင်တိုက်အားတိုက်အားပေးကြတဲ့ အသုံးပြုသူအသိုင်းအ၀ိုင်းကအနုပညာရှင်တွေနဲ့ တေးဂီတလုပ်ငန်းအတွက်၀င်ငွေနဲ့ အောင်မြင်မှုတွေကို တွန်းအားပေးပြီး ထပ်တိုးတန်ဖိုးတွေကို မည်သို့မည်ပုံ ဖန်တီးပေးတယ်ဆိုတာကို ပြသထားတယ်” ဟု TikTok ၏ ကမ္ဘာလုံးဆိုင်ရာ ဂီတလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ Ole Obermann က ပြောကြားခဲ့သည်။
“TikTok က Add to Music App လုပ်ဆောင်မှုကို ၂၀၂၄ ခုနှစ်မှာ မိတ်ဆက်ပြီးနောက် ယနေ့ထိ သီချင်းသိမ်းဆည်းမှုပေါင်း တစ်ဘီလီယံကျော် ဖန်တီးနိုင်ခဲ့သလို Streaming Service တွေပေါ်မှာလည်း Stream ပေါင်း ဘီလီယံနဲ့ချီပြီး တိုးမြှင့်အောင် ပံ့ပိုးပေးနိုင်ခဲ့တယ်။ အနုပညာရှင်တွေနဲ့ အောင်မြင်မှုတွေကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်စေခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတာကတော့ ဒါအခုမှ အစပဲရှိသေးတာပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။
“TikTok က Luminate Insights အဖွဲ့နဲ့ အတူ ပူးပေါင်းပြီး TikTok ပရိသတ်တွေရဲ့ ပံ့ပိုးမှုက ဂီတဂေဟစနစ်အပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို ပိုမိုနားလည်နိုင်ဖို့ လေ့လာခဲ့တယ်။ TikTok ရဲ့ ကိုယ်ပိုင်ပရိသတ်ဒေတာနဲ့Luminate ရဲ့ ကမ္ဘာလုံးဆိုင်ရာဂီတဒေတာနှစ်ခုလုံးကို ခွဲခြမ်းစိတ်ဖြာထားတဲ့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဂီတဂေဟစနစ်အတွင်း TikTok ရဲ့အခန်းကဏ္ဍကိုကျယ်ကျယ်ပြန့်ပြန့်အသေးစိတ် တင်ပြထားပါတယ်။ တေးဂီတရှာဖွေတွေ့ရှိမှု၊ အနုပညာရှင်တွေရဲ့အောင်မြင်မှုနဲ့ TikTokရဲ့ ထူးခြားတဲ့ အသုံးပြုသူတွေရဲ့ တန်ဖိုးရှိတဲ့ ပံ့ပိုးကူညီမှုများတွေလည်း ထည့်သွင်းတင်ပြထားပါတယ်။ Luminate ဟာ ဖျော်ဖြေရေးလုပ်ငန်းအားလုံးအတွက် အယုံကြည်ရဆုံးနဲ့ မျှတတဲ့ ဒေတာနဲ့ ခြုံငုံသုံးသပ်မှုတွေ ပံ့ပိုးပေးနိုင်တဲ့ အကောင်းဆုံးမိတ်ဖက်ဖြစ်ဖို့ ကတိပြုထားတာမို့ ယခုပရောဂျက်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ရွေးချယ်ခံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု Luminate မှသုတေသနအဖွဲ့ ဥက္ကဌ Nick Lanzafame က ပြောကြားခဲ့ပါသည်။
အစီရင်ခံစာအပြည့်အစုံကို ဤနေရာတွင်https://sf16-sg.tiktokcdn.com/obj/eden-sg/fuuvieh7uvzpsh/Music%20Impact%20Report%20-%20Final.pdf ဖတ်ရှုနိုင်ပါသည်။
Nz ( ရိုးရာလေး)