ရန်ကုန်-စင်ကာပူပျံသန်းတဲ့ လေယာဉ် ပေ၃၇၀ဝဝမှာ ထိန်းချုပ်နိုင်မှုမရှိ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့

ygn-sg-airline.jpg

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန် – စင်ကာပူပျံသန်းတဲ့ လေယာဉ်ဟာ လေယာဉ် ရဲ့ computer system က airspeed low warning and stick shaker warning တွေ ပေးခဲ့ရာ အမြင့်ပေ ၃၇၀၀၀ မှာ ဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိပေမဲ့ စင်ကာပူလေဆိပ်ကို ချောမောစွာဆင်းသက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၇.၆.၂၀၁၈နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ခရီးစဉ်အမှတ် UB001 နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စင်ကာပူ ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီကို ခရီးသည် ၁၃၄ဦး ကိုတင်ဆောင်ပြီး နံနက်၀၇း၁၈ အချိန်မှာ စတင်ပျံသန်းခဲ့ကြောင်းသိရပါတယ်။

လေယာဉ် ဟာ အမြင့်ပေ ၃၇၀၀၀ အထိတက်ရောက်ခဲ့ပြီး လမ်းခရီးရာသီဥတုက တိမ်ထူထပ်နေကာ ပျံသန်းချိန်မိနစ် ၅၀ ခန့်အကြာ မြိတ်မြို့ရဲ့အနောက်ဘက်မိုင်၃၀ ခန့်အကွာမှာ severe icing ( ပြင်းထန်သော ရေခဲခြင်း) ဖြစ်လို့ airspeed လျင်မြန်စွာ ကျဆင်းလာခဲ့ပါတယ်။ လေယာဉ် computer system ကလည်း airspeed low warning and stick shaker warning တွေပေးခဲ့ပြီး အမြင့်ပေ ၃၇၀၀၀ အရောက်မှာ ဆက်ပြီးထိန်းသိမ်းနိုင်စွမ်းမရှိတာကြောင့် auto pilot ဖြုတ်ကာ ပေ၂၅၀ဝဝကိုဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။ အမြင့်ပေ၂၅၀ဝဝအရောက်မှာ လေယာဉ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် လေကြောင်းထိန်းဌာနကို သတင်းပို့ပြီး စင်ကာပူကို ဆက်လက်ထွက်ခွာခဲ့ရာ စင်ကာပူလေဆိပ်ဆီကို စင်ကာပူစံတော်ချိန် နံနက် ၁၁း၄၀ မှာချောမောစွာရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ လေယာဉ်မှူးက ဆုံးဖြတ်ချက်မှန်ကန်ခဲ့တာကြောင့် လေယာဉ်နဲ့ လူ တစ်စုံတရာမျှ ထိခိုက်မှု မရှိခဲ့ခြင်းအတွက် safety ကို ဦးစားပေးလုပ်ဆောင်ခဲ့တဲ့ လေယာဉ်မှူး ဦးမျိုးနောင်ဝင်း၊ တွဲဘက် လေယာဉ်မှူး ဦးရဲပြည့်ခိုင်နဲ့လေယာဉ်မောင်မယ် Crew အဖွဲ့ကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း မြန်မာအမျိုးသားလေကြောင်း က သတင်းထုတ်ပြန်ခဲ့ပါတယ်။ စီးနင်းလိုက်ပါတဲ့ ခရီးသည်များကိုလည်း စိုးရိမ်မှု ဖြစ်စေတာကြောင့် MNA က အနူးအညွတ်တောင်းပန်ထားပြီး နောက်နောင်မှာ MNA မှ safetyကို ဦးစားပေးအဖြစ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Myanmar National Airways

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top