ခန္ဓာကိုယ်က အနာတရအသေးအစားတွေကို ဘယ်လိုကုသကြမလဲ

25feb202017.jpg

ပျားရည်

ခန္ဓာကိုယ်မှာ အနာတရဖြစ်သွားရင် ထိမိခိုက်မိရင် အသေးအမွှားလောက်နဲ့ ဆရာဝန်ဆီ ဘယ်သူမှသွားမပြချင်ကြပါဘူး။ ဒါပေမဲ့ အနာတရဖြစ်ဖြစ်ချင်း ရောဂါပိုးမွှားမဝင်အောင်၊ နာကျင်မှုတွေ သက်သာသွားအောင် မြန်မြန်ကုသပေးဖို့တော့လိုပါတယ်။ အနာတရအသေးအစားတွေကို အရေးပေါ်ကုသနိုင်ဖို့အတွက် ကုသနည်းအနည်းငယ်သိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရတာကို ကုသပေးနိုင်မယ့် အိမ်တွင်းကုသနည်းအနည်းငယ်ကို ဝေမျှပေးလိုက်ရပါတယ်။

ဓားရှခြင်းအတွက် ရှားစောင်းလက်ပက်

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပက်မှာ ပါဝင်တဲ့ anti-inflammatory ဂုဏ်သတ္တိက အနာတရဖြစ်ခြင်းကို သက်သာသွားစေပါတယ်။ သင့်အိမ်မှာ ရှားစောင်းလက်ပက်ပင်ရှိတယ်ဆိုရင် အနည်းငယ်ယူပြီး ရှားစောင်းလက်ပက်ဂျယ်လ်ကို ထုတ်ယူလိုက်ပါ။ညှစ်ယူထားတဲ့ရှားစောင်းလက်ပက်ဂျယ်လ်ကို ဓားရှမိတဲ့အနာပေါ်ကို လိမ်းလိုက်မယ်ဆိုရင် စိတ်ချရပါတယ်။ အိမ်မှာ ရှားစောင်းလက်ပက်မရှိဘူးဆိုရင် ဆေးဆိုင်တွေမှာလည်း ရှားစောင်းလက်ပက်ဂျယ်လ်ကို ဝယ်ယူလို့ရနိုင်ပါတယ်။

အနာကို သန့်စင်ဖို့အတွက် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အစား Saline Solution

Saline Solution

Saline Solution

ဓားရှတာပဲဖြစ်ဖြစ်၊ ထိမိခိုက်မိတာပဲဖြစ်ဖြစ် အရင်ဆုံးလုပ်ရမှာက နှံ့နှံ့စပ်စပ် သန့်စင်ပေးဖို့ပါပဲ။ အနာသန့်စင်ပေးဖို့အတွက် အသုံးပြုလို့ရတဲ့ အကောင်းဆုံးအရာက ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါ။ ဒါပေမဲ့ အသားရေကို ထိခိုက်စေနိုင်ပြီး ဘတ်တီးရီးယားကို ဖယ်ရှားတဲ့နေရာမှာ ထိရောက်မှု (၁၀၀) ရာခိုင်နှုန်းမရှိပါဘူး။ Saline Solution က အနာသန့်စင်တဲ့အခါ အန္တရာယ်ကင်းပြီး အကောင်းဆုံးနည်းလို့ပြောလို့ရပါတယ်။ (၈) အောင်စရှိတဲ့ ရေပူပူဆူကို ဆား (လက်ဖက်ရည်ဇွန်းတစ်ဝက်) ထည့်ပြီး ရောစပ်လိုက်ပါ။ အဲဒီနောက် အအေးခံပြီး အနာပေါ်ကို ဖြည်းဖြည်းသာသာလေး ဝါဂွမ်းလေးနဲ့ အသုံးပြုပေးပါ။

ထိခိုက်ဒဏ်ရာအတွက် ပျားရည်

ပျားရည်

ပျားရည်

ပျားရည်က ဘတ်တီးရီးယားသတ်ပေးတဲ့နေရာမှာ ထိရောက်မှုရှိပြီး အနာကျက်မြန်စေပါတယ်။ ပျားရည်က ပြန်လည်ကောင်းမွန်လာအောင်၊ အသားရေရောင်ရမ်းမှုကို ထိန်းချုပ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို လှုပ်ဆော်ပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကို ပျားရည်နည်းနည်းလိမ်းလိုက်ပြီး သန့်စင်တဲ့ပတ်တီးနဲ့ စည်းပေးရမှာဖြစ်ပါတယ်။

အင်းဆက်ပိုးမွှားကိုက်ခံရခြင်းအတွက် မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ

အင်းဆက်ပိုးမွှားကိုက်ခံရတာကလည်း ဓားရှသလိုပဲ နာကျင်ရပါတယ်။ ခြင်ကိုက်တာ၊ ပျားကိုက်တာခံရမယ်ဆိုရင် မုန့်ဖုတ်ဆိုဒါက နီမြန်းခြင်း၊ ရောင်ရမ်းခြင်းတွေကို လျော့ချပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ ရောစပ်လိုက်ပြီး အကိုက်ခံရတဲ့နေရာမှာ (၁၅) မိနစ်လောက် လိမ်းထားလိုက်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် အင်းဆက်ပိုးမွှားကိုက်ခံရတာကြောင့် ရောင်ရမ်းတာနဲ့ ယားယံတာတွေကို သက်သာသွားစေမှာဖြစ်ပါတယ်။

သွေးထွက်ခြင်းကို ရပ်တန့်ဖို့အတွက် ကြက်သွန်ဖြူ

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ

ကြက်သွန်ဖြူကလည်း ထိခိုက်ဒဏ်ရာတွေကို ကုသပေးနိုင်ပါတယ်။ သွေးထွက်တာကို ရပ်တန့်စေတာ၊ နာကျင်မှုကို သက်သာစေတာအပြင် အနာမြန်မြန်ကျက်အောင်လည်း ကူညီပေးပါတယ်။ ထိခိုက်ဒဏ်ရာအတွက် အာနိသင်ပြဖို့ရာ ကြက်သွန်ဖြူကို အနှစ်ဖြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် အနာပေါ် လိမ်းလိုက်ပြီး ပတ်တီးနဲ့စည်းထားလိုက်ပါ။ ပတ်တီးကို (၂) ရက်လောက် စည်းထားရမှာဖြစ်ပါတယ်။

Ref: Home Remedies to Treat Fresh Wounds All Over Your Body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top