ဥကမပေါက်ဖွားသေးတဲ့ငှက်သားလောင်းတွေရဲ့ ထူးခြားတဲ့အပြုအမူ

egg.jpg

ဥကမပေါက်ဖွားသေးတဲ့ငှက်သားလောင်း

ငှက်ဆိုတဲ့သတ္တဝါတွေဟာ ဥကမပေါက်ခင်အရွယ်မှာကတည်းက အမျိုးချစ်တတ်လွန်းကြတဲ့ သတ္တဝါတွေပါ။ ဒါကို သိပ္ပံပညာရှင်တွေက ခြေဝါစင်ရော်ငှက်ဥတွေကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ အံအားသင့်ဖွယ်သိခဲ့ရတာဖြစ်ပါတယ်။

ငှက်တွေရဲ့ သဘောသဘာဝကိုလေ့လာတဲ့သုတေသနတစ်ခုမှာ လေ့လာသူတွေက ငှက်မိဘတွေအထိတ်တလန့်ဖြစ်စဉ် အော်ဟစ်ကြတဲ့အသံမျိုးကို အသံဖမ်းယူထားပြီး ဥတချို့ရဲ့အနားမှာ ပြန်ဖွင့်ပြခဲ့ကြပါတယ်။

အဲဒီအသံထွက်ပေါ်လာပြီးမကြာခင်မှာပဲ အသံနဲ့ဝေးရာကဥတချို့လှုပ်ခါလာတာတွေ့ခဲ့ရပြီး ကပ်လျက်မှာရှိနေတဲ့ဥတွေကို တုန်ခါမှုနဲ့ အချက်ပြသတိပေးနေကြောင်း တွေ့ရှိခဲ့ပါတယ်။

အသံနဲ့နီးရာကဥတွေကတော့ လှုပ်ရှားမှုတစ်စုံတရာမရှိခဲ့ကြပါဘူး။ ဒီလိုမျိုး ဥတွေတုန်ခါလာကြတာဟာ အကြားအာရုံမဖွံ့ဖြိုးသေးတဲ့ညီ၊ ညီမငယ်လေးတွေအတွက် အကြားအာရုံရှိပြီးဖြစ်တဲ့အစ်ကိုအစ်မတွေရဲ့ အန္တရာယ်အချက်ပေးမှုဖြစ်တယ်လို့ သုတေသနပြုသူတွေက ဆိုခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဥကပေါက်ဖွားတဲ့သားလောင်းတွေက ဥခွံထဲရှိနေစဉ် အချင်းချင်းဆက်သွယ်မှုလုပ်နိုင်ကြကြောင်း သိထားကြပြီးဖြစ်ပေမဲ့ အခုလို ပြင်ပကအန္တရာယ်နဲ့ပတ်သက်ပြီးသတိပေတဲ့းအပြုအမူမျိုးကိုတော့ အခုလေ့လာမှုမှာမှ ပထမဆုံးအကြိမ် သိလိုက်ရတာဖြစ်ပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top