(၈) နာရီကြာ Plank ထောက်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ (၆၂) နှစ်အရွယ်အမျိုးသား

25feb202014.jpg

(၈) နာရီကြာ Plank ထောက်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ (၆၂) နှစ်အရွယ်အမျိုးသား

ဒိုက်ထိုးတာနဲ့ ခပ်ဆင်ဆင်တူတဲ့ Plank ထောက်တဲ့လေ့ကျင့်ခန်းကို လူတိုင်းသိကြမယ်ထင်ပါတယ်။ Plank ထောက်တာကတော့ လူတိုင်းမလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ Plank ထောက်တယ်ဆိုတာက Plank ထောက်မဲံသူက ဒိုက်ထိုးတဲ့အနေအထားမျိုးမှာ ခန္ဓာကိုယ်နဲ့တန်းတူ လက်တွေ၊ ခြေတွေကို ဆန့်ထားပြီး ခေါင်းကို အောက်ငုံ့ထားရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အချိန်ကြာကြီး ထောက်ထားဖို့ မဖြစ်နိုင်တဲ့ လေ့ကျင့်ခန်းလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ အီလီနွိုင်းပြည်နယ်က အသက်(၆၂) အရွယ် အမျိုးသား ဂျော့ဂျ် ဟူးတ်ဟာ plank ထောက်ခြင်းကို (၈) နာရီကြာပြုလုပ်ပြီးတဲ့နောက်မှာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ပါတယ်။

သူက တစ်နေ့ကို (၇) နာရီ၊ လပိုင်းများစွာ လေ့ကျင့်ခဲ့တာဖြစ်ပြီး နေ့တိုင်း ထိုင်ထ အခါ (၁၅၀၀) လည်းလုပ်ခဲ့ရပါတယ်။ သူက အဲဒီလိုလေ့ကျင့်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာ Plank ကို (၈) နာရီ၊ (၁၅) မိနစ်၊ (၁၅) စက္ကန့်ကြာအောင် ထောက်ခဲ့တာဖြစ်ပါတယ်။ အခုလို အချိန်အကြာကြီး plank ထောက်နိုင်ခဲ့တာကြောင့် ဂျော့ဂျ်က ကမ္ဘာ့အသိအမှတ်ပြုဂင်းနစ်စ်မှတ်တမ်းကို ရရှိသွားခဲ့ပါပြီ။

ဂျော့ဂျ်

ဂျော့ဂျ်

ဥပဒေအရာရှိကနေအနားယူပြီး Personal Trainer လုပ်နေတဲ့ ဂျော့ဂျ်က ၂၀၁၁ခုနှစ်မှာ ပထမဆုံးစံချိန်ချိုးခဲ့ဖူးပါတယ်။ အဲဒီတုန်းက Plank ထောက်တာကို (၁) နာရီ မိနစ် (၂၀) ကြာအောင် လုပ်ခဲ့တာပါ။ ၂၀၁၆ခုနှစ်မှာတော့ သူဟာ အဲဒီစံချိန်ကို လက်လျော့ခဲ့ရပါတယ်။ သူ့ရဲ့ကလေးတွေက သူ့ကို နောက်ထပ်အနိုင်ရဖို့ကြိုးစားချင်စိတ်ဖြစ်အောင် တွန်းအားပေးခဲ့တယ်လို့ ပြောပါတယ်။

ဂျော့ဂျ်က ငွေကြေးရရှိတဲ့အားကစားမဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် နောက်ထပ် စံချိန်တင်နိုင်ဖို့ Plank ထောက်ခဲ့တာဖြစ်ပါတယ်။ သူက ဖေဖော်ဝါရီ ၁၅ ရက်နေ့က 515 Fitness Gymမှာ ဒီစိန်ခေါ်မှုကို ပြုလုပ်ခဲ့ပါတယ်။ သူက Plank ထောက်နေစဉ်အတွင်းမှာ အချိန်ကုန်သွားစေဖို့ သီချင်းဖွင့်ခဲ့ပြီး ယိမ်းယိုင်မှုတွေမဖြစ်အောင် သေချာအာရုံစိုက်ခဲ့တာပါ။

ဂျော့ဂျ်

ဂျော့ဂျ်

515 Fitness ကိုတည်ထောင်သူ နီကီ ပယ်ရီကလည်း ဂျော့ဂျ် Plank ထောက်နေတဲ့ (၈) နာရီလုံးလုံး သူ့ရဲ့ဘေးမှာ ရှိပေးခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်မှုတွေပြုလုပ်ဖို့အတွက် လေ့ကျင့်နေစဉ်အတွင်းမှာလည်း သူနဲ့အတူတူ လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။ ဂျော့ဂျ်က (၈) နာရီကြာအောင် Plank ထောက်ပြီးသွားတဲ့နောက်မှာ (၇၅) ခါ ဒိုက်ထိုးခြင်းဖြင့် ကမ္ဘာ့စံချိန်သစ်ကို ဂုဏ်ပြုခဲ့ပါတယ်။

Plank ထောက်ပြီးရတဲ့ ဒီကမ္ဘာ့စံချိန်က သူ့အတွက် နောက်ဆုံးဖြစ်မယ်လို့ ထင်ကြောင်း၊ အခုဆိုရင် ဂင်းနစ်စ်စံချိန်ရနိုင်မယ့် စိန်ခေါ်မှုအသစ်တွေကို ရှာဖွေနေကြောင်း ဂျော့ဂျ်က ပြောပါတယ်။ စက္ကန့် (၂၀) သာ Plank ထောက်နေတဲ့သူတွေ (သို့) ဒိုက်ထိုးတာလုပ်နေတဲ့သူတွေအတွက် သူ့ရဲ့အကြံပြုချက်ကတော့ ကြိုးစားအားထုတ်ဖို့ပါပဲ။

Ref: 62-year-old man breaks world record with 8-hour plank

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top