အာဟာရဓာတ်ပြည့်ဝရေးကို ဦးစားပေးခြင်းက လူနာတွေအတွက် ဘယ်လောက်အရေးပါသလဲ

nutrition01.jpg

အာဟာရဓာတ်လုံလောက်စွာရရှိတာက ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး ရှုထောင့်အားလုံးမှာ အလွန်အရေးပါသော်လည်း လူအများစုက အာဟာရဓာတ်ကိုအလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုမှာ အာဟာရဓာတ်ပြည့်ဝဖို့အတွက် ဘယ်လိုအလေးထားဆောင်ရွက်ရမလဲဆိုတာကို ဖော်ပြရာမှာ လိုအပ်ချက်များစွာရှိနေတဲ့အတွက် လူနာတွေကို စောင့်ရှောက်ကုသရာမှာ အခက်အခဲတွေဖြစ်ပေါ်စေပါတယ်။

၃ ပုံ ၁ ပုံရှိတဲ့ လူနာတွေဟာ ဆေးရုံမတက်ရောက်ခင်အချိန်ကတည်းက အာဟာရချို့တဲ့နေပြီး သူတို့ဆေးရုံတက်နေချိန်အတွင်းမှာလည်း အာဟာရချို့တဲ့မှုက ပိုမိုဆိုးရွားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ပြုလုပ်ခဲ့တဲ့ ရာပေါင်းများစွာသော လေ့လာချက်တွေအရ လူနာတွေမှာတွေ့ရတဲ့ အာဟာရ မပြည့်ဝခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းက ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေကိုပါ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဥပမာအနေနဲ့ဆိုရင် –

အာဟာရချို့တဲ့မှုရဲ့ အကျိုးရလဒ်အနေနဲ့ ဆေးရုံတက်ချိန်ပိုမိုကြာမြင့်ခြင်း၊ မကြာခဏ ဆေးရုံတက်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ပိုမိုမြင့်မားခြင်းနဲ့ နောက်ဆက်တွဲရောဂါများ (ကုတင်နာ ကဲ့သို့) ကာလရှည်ကြာဖိထားခြင်းကြောင့် ရရှိသော ဒဏ်ရာများ၊ အခြားသော ကူးစက်ရောဂါတွေနဲ့ မူးလဲကျခြင်းများ ကဲ့သို့ နောက်ဆက်တွဲရောဂါ လက္ခဏာများရှိနိုင်ခြေပိုမို မြင့်မားတဲ့အပြင် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

– ဆေးရုံကို မကြာခဏပြန်လည်တက်ရောက်ခြင်းရဲ့ ကုန်ကျစရိတ်က ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ ကျော်ရှိပြီး အဲဒီပမာဏက အာဟာရပြည့်ဝတဲ့ လူနာရဲ့ကုန်ကျစရိတ်ထက် ၂ ဆ ပိုမိုများပြားပါတယ်။

အာဟာရမပြည့်ဝခြင်းရဲ့အကျိုးဆက်အနေနဲ့ လူသားတွေ အသက်ကြီးလာတာနဲ့အမျှ နာတာရှည်ရောဂါတွေ ပိုမိုဖြစ်ပွားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံလူဦးရေနှင့် အိမ်ရာသန်းခေါင်စာရင်းအရ ၂၀၅၀ ပြည့်နှစ်မှာ အသက် ၆၀ နှင့်အထက်လူဦးရေက ၄.၅ သန်းမှ ၁၃ သန်းအထိ – ၂၀ ရာခိုင်နှုန်း တိုးပွားလာမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ အသက်အရွယ်က အစားစားချင်စိတ်မရှိခြင်း၊ သွားလာလှုပ်ရှားမှုနည်းခြင်းနှင့် ခံစားနေရသောရောဂါကနေ ဖြစ်ပေါ်တဲ့ ရောင်ရမ်းခြင်းတွေကြောင့် အာဟာရမပြည့်ဝမှုတွေ ပိုမိုဖြစ်ပွားနိုင်ခြေရှိတဲ့ အသက်အရွယ် အပိုင်းအခြားတစ်ခုဖြစ်ပါတယ်။

အာဟာရမပြည့်ဝခြင်းကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ မကြာခဏဖြစ်ပေါ်နေသော်လည်းဒီအကြောင်းကို လူအများသိရှိနားလည်ခြင်း မရှိကြပါဘူး။ ဒါပေမဲ့လည်း သတင်းကောင်းမှာ ကျန်းမာရေး စောင့်ရှောက်သူတွေနဲ့ ထိပ်တန်းအာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေက အာဟာရက ကျန်းမာရေးအတွက် အရေးပါသော အရာတစ်ခုအဖြစ် တွေ့ရှိခဲ့ပါတယ်။

လူနာတစ်ဦးရဲ့စိုးရိမ်ရတဲ့ ကျန်းမာရေးအခြေအနေကို ချက်ချင်းပဲ အထူးဂရုစိုက်ကုသပေးနေရတဲ့အတွက် အာဟာရပမာဏကို ပိုမိုပြည့်မီလာအောင် လုပ်ဆောင်တာကို တစ်ခါတစ်ရံမှ လုပ်ဆောင်တတ်ကြပါတယ်။ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေက အဓိက ရောဂါလက္ခဏာကို အလေးထား ကုသပေးနေရတဲ့အတွက် လူနာတစ်ဦးချင်းစီရဲ့ အာဟာရဓာတ်ပြည့်ဝမှုအခြေအနေနဲ့ သူ/သူမရဲ့ ပြန်လည်ကျန်းမာလာရေးအပေါ်သက်ရောက်နိုင်မှုကို အလေးထားဂရုစိုက်နိုင်ကြမှာမဟုတ်ပါဘူး။

လူတွေရဲ့ အာဟာရဓာတ် အခြေအနေ ပိုမိုတိုးတက်လာရေးအတွက် အကောင်းဆုံး အကြံဉာဏ်များကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းပေါင်း ၅၀ ကျော်နှင့် သက်ကြီးရွယ်အို အဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ DefeatMalnutrition.Today ကနေ ရရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကြီး သက်ကြီးရွယ်အိုတွေအတွက် သာမှန်သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း တိုင်းတာသလိုပဲ အာဟာရ တိုင်းတာမှုကိုလည်း အရေးပါတဲ့ လက္ခဏာတစ်ခုအဖြစ် အသိအမှတ်ပြု တိုင်းတာသင့်ကြောင်း ထောက်ခံထားပါတယ်။ သူတို့ရဲ့ အားထုတ်မှုရလဒ်တစ်ခုအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုစင်တာတွေမှာ အာဟာရချို့တဲ့မှုအရည်အသွေးတိုင်းတာမှုအစီအစဉ်ကို အခြေခံလုပ်ဆောင်မှုအနေနဲ့ ထည့်သွင်းလာကြပါတယ်။ အဲဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဆေးရုံများမှာ ကောင်းမွန်ပြီး ပိုမိုတိကျမြန်ဆန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်ရုံသာမက ဆေးရုံဆင်းချိန် ဒါမှမဟုတ် အသည်းအသန်ရောဂါကို ကုသပြီးချိန်မှာ လူနာတစ်ဦးရဲ့ အာဟာရပြည့်ဝမှု အခြေအနေကို သူ/သူမရဲ့ကျန်းမာရေး မှတ်တမ်းမှာ မှတ်ထားနိုင်မှာဖြစ်ပါတယ်။

အာဟာရပြည့်ဝရေးကို ဦးစားပေးခြင်းက ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရေးအတွက် အထောက်အကူဖြစ်စေရုံသာမက လူနေမှုဘဝပိုမိုကောင်းမွန်စေခြင်း၊ ကျန်းမာရေးအတွက် အသုံးပြုရသော စီးပွားရေး အခက်အခဲတွေလည်း လျော့ချနိုင်စေပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ဆေးရုံရှိလူနာတွေရဲ့ အာဟာရအခြေအနေကို စစ်ဆေးပြီး လိုအပ်တဲ့ အာဟာရဓာတ်ကို တိုက်ကျွေးပြီး ဆေးရုံတက်နေချိန်နှင့်ဆင်းပြီးချိန်မှာ လူနာရဲ့ အာဟာရအခြေအနေကို တစ်စိုက်မတ်မတ် စောင့်ကြည့်လေ့လာခြင်းအားဖြင့် အကောင်းပကတိ ပြန်လည်ကျန်းမာလာဖို့ အခွင့်အလမ်းပိုများကြောင်းတွေ့ရှိခဲ့ရပါတယ်။

အာဟာရကျန်းမာရေးစောင့်ရှောက်မှုက ဦးစားပေးလုပ်ဆောင်သင့်တဲ့ အရာတစ်ခုဖြစ်တယ်လို့ ဘာလို့ပြောရလဲဆိုရင် အာဟာရဖြည့်စွက်စာ သောက်သုံးခြင်းဖြင့် ကြွက်သားထုကို ပိုမိုသန်မာလာစေရုံသာမက

– အာဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း
– လူနာရဲ့ကျန်းမာရေးအြခေအနေကို တိုးတတ်ကောင်းမွန်လာစေနိုင်ခြင်း
– ဆေးကုသမှုကုန်ကျစရိတ်ကို လျော့ချပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

သတင်းကောင်းတစ်ခုကတော့ ဆရာဝန်တွေက လူနာတွေကို အာဟာရဆိုင်ရာဗဟုသုတတွေအပြင် အာဟာရ ဖြင့်စွက်စာများထည့်သွင်းပေးခြင်းအားဖြင့်လည်း လူနာရဲ့ ကျန်းမာရေးကို ထိထိရောက်ရောက် ကုသပေးနိုင်ရုံသာမက ငွေကုန်ကြေးကျလည်း သက်သာစေပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ အာဟာရဓာတ်စစ်ဆေးတဲ့ အစီအစဉ်ကို ကျင့်သုံးပြီးချိန်မှာ ကျန်းမာရေးနှင့် ‌ငွေကြေးဆိုင်ရာကိစ္စတွေအပေါ်အဓိပ္ပါယ်ရှိတဲ့ သက်ရောက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဥပမာအနေနဲ့ ထိပ်တန်းသိပ္ပံနည်းပညာကို အခြေခံထားတဲ့ အာဟာရနဲ့ ထောက်ခံချက်တွေ ရရှိထားတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးအပ်နေပြီး Illinois အခြေစိုက်အကြီးမားဆုံးကျန်းမာရေးစနစ်နဲ့ ယုံကြည်စိတ်ချရတဲ့ ကမ္ဘာ့ ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ensure ကို ထုတ်လုပ်ရောင်းချတဲ့ Abbott က မတူညီတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ အာဟာရပြည့်မီအောင် ဦးစားပေး ကုသပေးခြင်းဖြင့် လူနာတွေရဲ့ ကျန်းမာရေးတိုးတက်လာနိုင်ကြောင်းကို လက်တွေ့ပြသနိုင်ခဲ့ပါတယ်။

(Abbott ရဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနှင့် ထိုင်းနိုင်ငံအတွက် ဆေးဘက်ပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Dr. Prapat Sopanatorn မှ ရေးသားသည်။)

စာရေးသူအကြောင်း

Dr. Prapat Sopanathorn ဟာ Abbott Nutrition International မှာ ဆေးဘက်ဆိုင်ရာကိစ္စတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဆေးဝါးလောကမှာ ၁၇ နှစ်ကျော် ကြာ ကျင်လည်လုပ်ကိုင်နေခဲ့ရင်း ဆေးဝါးလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံအမြောက်အမြား ရရှိထားသူဖြစ်တဲ့အတွက် ဆေးဝါးသိပ္ပံပညာ၊ ကျန်းမာရေးစောင့်‌ရှောက်မှုဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ အခြားအစုရှယ်ယာရှင်တွေအကြား နားလည်မှုတည်ဆောက်ပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါတယ်။

Team (ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top