အသွားအလာကန့်သတ်မှုနဲ့ ငွေကြေးသုံးစွဲမှုအလေ့အထကောင်း

1-4-2020-yyl-020.jpg

အခုလက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် တချို့နေရာတွေမှာ အသွားအလာကန့်သတ်မှုတွေလုပ်ထားကြရပါတယ်။ အသွားအလာကန့်သတ်လိုက်တာနဲ့ ကျွန်တော်တို့တွေ အိမ်ထဲကနေ အိမ်ပြင်ထွက်ရတော့မှာမဟုတ်ပါဘူး။ တချို့လူတွေအတွက် အသွားအလာကန့်သတ်တာဟာ အခက်အခဲတစ်ခုလိုဖြစ်နေပါတယ်။ တကယ်တော့ အပြင်မသွားရဘဲအိမ်ထဲမှာပဲ နေတာက ကောင်းတဲ့အရာတစ်ခုလို့ပြောနိုင်ပါတယ်။ ကျွန်တော်တို့ခါတိုင်းလုပ်နေကြဖြစ်တဲ့ အပြင်ထွက်မုန့်ဝယ်စားတာ၊ လျှောက်လည်တာ၊ ဈေးဝယ်ထွက်တာတွေမရှိတော့တဲ့အတွက် ငွေကြေးစုဆောင်းသလိုဖြစ်စေပါတယ်။ ဘာကြောင့် အခုလိုပြောရလဲဆိုတာ ကြည့်လိုက်ရအောင်..။

ခရီးအတွက် ကုန်ကျစရိတ်မရှိခြင်း

ကျွန်တော်တို့တွေအများစုက သေချာပေါက် အိမ်ကနေ အလုပ်လုပ်ကြရမှာပါ။ အဲဒီလိုလုပ်ရတဲ့အတွက် ဘတ်စ်ကား (သို့) တက္ကစီအတွက် ကုန်ကျစရိတ်မရှိတော့ပါဘူး။ အလုပ်အတွက် အသွားအပြန်စရိတ်ကို လက်ရှိမှာ စုဆောင်းမိနေမှာပါ။ ပွဲလမ်းသဘင်တွေနဲ့ လူစုလူဝေးနေရာတွေကို ပိတ်ထားတဲ့အတွက် ဘယ်မှသွားစရာလည်း မလိုတဲ့အတွက် ငွေကြေးစုဆောင်းမိသားဖြစ်မှာဖြစ်ပါတယ်။

Shopping အတွက် ကုန်ကျစရိတ်မရှိခြင်း

တချို့ဈေးဝယ်စင်တာတွေကို ပိတ်ထားတဲ့အတွက် လက်ရှိ သင် အိမ်မှာပဲ နေနေရမှာဖြစ်ပါတယ်။ သင်က ထမင်းစားသောက်ဖို့အတွက် ဟင်းသီးဟင်းရွက်၊ အသားတွေပဲ ဝယ်ယူရတာကြောင့် အဝတ်အစား၊ ဖိနပ်၊ အခြားအသုံးအဆောင်ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ကို စုဆောင်းမိမှာပါ။ အိမ်မှာအလုပ်လုပ်ရတဲ့အတွက် အလုပ်သွားဖို့အတွက် အင်္ကျီအသစ်တွေလည်း မလိုအပ်တော့ပါဘူး။ ဘယ်မှာသွားစရာမရှိတာကြောင့် အိမ်နေရင်းအင်္ကျီကိုပဲ ဝတ်ဆင်နေရမှာဖြစ်ပါတယ်။

ဈေးကြီးတန်အစားအစာအတွက် ကုန်ကျစရိတ်မရှိခြင်း

စားသောက်ဆိုင်တော်တော်များများကလည်း ပိတ်ထားတာကြောင့် အဲဒီအတွက် ကုန်ကျမယ့်စရိတ်ကို စုဆောင်းမိမှာဖြစ်ပါတယ်။ အပြင်ထွက်စားစရာမလိုအပ်တာကြောင့် သင့်ရဲ့ပိုက်ဆံတွေကို စုဆောင်းမိသလို ဖြစ်စေပါတယ်။ အိမ်မှာပဲ ချက်စားရတဲ့အတွက်လည်း ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကို စားသုံးရမှာဖြစ်ပါတယ်။

မလိုအပ်တဲ့အရာတွေအတွက် ကုန်ကျစရိတ်မရှိခြင်း

သင်က ဆိုင်တစ်ဆိုင်သွားလို့ လှတာမြင်ရင် မလိုအပ်ဘဲနဲ့လည်း ဝယ်ယူမိတတ်ကြမှာပါ။ ဝယ်ပြီးမှာပဲ ဒီပစ္စည်းက နေရာယူပြီး ပိုက်ဆံဖြုန်းမိတယ်ဆိုတာကို နားလည်မိကြတာပါ။ အသွားအလာကန့်သတ်လိုက်တဲ့အတွက် စတိုးဆိုင်၊ ဈေးဝယ်စင်တာတွေကို မရောက်တာကြောင့် အဲဒီအတွက် ကုန်ကျစရိတ်ရှိမှာမဟုတ်ပါဘူး။ အွန်လိုင်းကနေလည်း ဝယ်ယူမဖြစ်တော့တာကြောင့် မလိုအပ်ဘဲ ပစ္စည်းနှစ်ဆဝယ်ပြီး ပိုက်ဆံနှစ်ဆကုန်တဲ့အခြေအနေကိုလည်း ကြုံတွေ့ရမှာမဟုတ်ပါဘူးနော်..။

Ref: What the lockdown is teaching us about our money spending habits

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top