ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဘီလျံရတဲ့ တတိယမြောက် အားကစားဖြစ်လာဖို့ ရော်နယ်ဒို နီးစပ်နေ

1-4-2020-yyl-027.jpg

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီရာသီမှာ ကစားသမားဘဝတစ်လျှောက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံရတဲ့ တတိယမြောက် အားကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်အသင်း ဝန်ထမ်းတွေ လုပ်ခလစာ အပြည့်အဝရရှိစေဖို့အတွက် ဂျူဗင်တပ်အသင်းကစားသမားတွေနဲ့ နည်းပြဆာရီက ၄ လကြာအထိ လုပ်ခလစာ လျှော့ယူဖို့ သဘောတူညီထားပါတယ်။ အဲဒီအတွက် ရော်နယ်ဒိုရဲ့ဝင်ငွေ ၃.၅ သန်းလောက် နစ်နာရဖွယ်ရှိနေပါတယ်။

ဒါပေမဲ့ ရော်နယ်ဒိုဟာ ကွင်းပြင်ပ စီးပွားရေးလုပ်ငန်းတွေနဲ့ ကြော်ငြာစာချုပ်တွေကြောင့် ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံရရှိတဲ့ အားကစားသမားဖြစ်လာဖို့ အလားအလာကောင်းနေပါတယ်။ ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာနဲ့ ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်တို့ကတော့ ဝင်ငွေ တစ်ဘီလျံရှာဖွေနိုင်တဲ့ အားကစားသမားတွေဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းမှာ တစ်ပတ်လုပ်ခ အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ရရှိနေသူပါ။ ရော်နယ်ဒိုဟာ ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ပေါင် ၈၈ သန်း ရှာဖွေနိုင်ခဲ့ပြီး ဝင်ငွေ ဒုတိယအကောင်းဆုံး အားကစားသမားဖြစ်ခဲ့ပါတယ်။ ဝင်ငွေအကောင်းဆုံး အားကစားသမားကတော့ မက်ဆီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပေါင် ၁၀၃ သန်း ရှာဖွေနိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top