ပါဆယ်ထုပ်တွေကနေ ရောဂါကူးစက်နိုင်ချေကို ဘယ်လိုလျော့ချမလဲ

15-7-2020-yyl-042.jpg

COVID-19 ရောဂါကာကွယ်ဆေးနဲ့ ကုသဆေးတွေ စမ်းသပ်ထုတ်လုပ်နေကြပေမယ့် အခုအချိန်ထိ အဲဒီရောဂါကို မထိန်းချုပ်နိုင်သေးပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ရောဂါကူးစက်ခံရသူကတော့ နေ့တိုင်းရှိနေတုန်းပါပဲ။ အခုလိုအချိန်မှာ အွန်လိုင်းကနေ တဆင့်ဈေးဝယ်တာက အလုပ်တော်တော်တွင်ကျယ်နေပါတယ်။ အွန်လိုင်းကနေ မှာယူပြီး သင့်အိမ်အထိ ပစ္စည်းလာပို့ပေးတဲ့အတွက် အပြင်ထွက်စရာလည်းမလိုတော့ ရောဂါကူးစက်ခံရမှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ ဒါပေမဲ့ အိမ်ကိုရောက်လာမယ့် ပါဆယ်ထုပ်ကရော တကယ်ဘေးကင်းရဲ့လား။ ဒီအချက်ကတော့ စဉ်းစားစရာပါပဲ။ ဈေးဝယ်စင်တာက စားသောက်ကုန်တွေနဲ့ ပါဆယ်ထုပ်တွေကနေ ရောဂါပိုးမွှားတွေ ကပ်ညှိနိုင်လား၊ မကပ်ညှိနိုင်ဘူးလား သေချာမသိရတဲ့အတွက် ကြိုတင်ကာကွယ်ဖို့တော့ လိုပါလိမ့်မယ်။

ကူးစက်ခံရနိုင်ချေရှိခြင်း

ဗိုင်းရပ်စ်က နေရာတော်တော်များများမှာ ရက်ကြာကြာ အသက်ရှင်နေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါပေမဲ့ အသက်ရှင်နေထိုင်တဲ့ နေရာတစ်ခုနဲ့တစ်ခုမတူရင် ဗိုင်းရပ်စ်အရေအတွက်ကလည်း လျော့နည်းသွားပါတယ်။ ဒါကြောင့် ပါဆယ်ထုပ်သယ်တဲ့လူကလည်း ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတယ်ဆိုရင် သင့် တံခါးရှေ့ရောက်တဲ့အချိန်ထိ ဗိုင်းရပ်စ်က ပါဆယ်ထုပ်မှာကျန်ရှိနေဖို့ အခွင့်အရေးများပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်ခံရနိုင်ချေကို လျော့ချဖို့အတွက် ကြိုတင်ကာကွယ်မှုတချို့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လုပ်ဆောင်သင့်တဲ့ ကြိုတင်ကာကွယ်မှုတချို့ကတော့

ပါဆယ်ထုပ်ကို နာရီတော်တော်ကြာတဲ့အထိ အပြင်ဘက်မှာ ထားပါ

ဖြစ်နိုင်ရင် ပါဆယ်ထုပ်ကို အိမ်ထဲ မထည့်သေးဘဲ နာရီတော်တော်ကြာတဲ့အထိ အပြင်မှာပဲထားသင့်ပါတယ်။ ဒါပေမဲ့ အပြင်မှာ အကြာကြီးထားလို့ မရတဲ့ပစ္စည်းတွေဆိုရင် အိမ်တံခါးအပြင်ဘက်မှာပဲ ပါဆယ်ထုပ်ကို သေချာဖွင့်ပြီး ပါဆယ်ထုပ်အခွံကို အမှိုက်ပုံးထဲ ပစ်လိုက်ပါ။ အဲဒီနောက် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စက္ကန့် (၂၀) လောက် ဆေးကြောသန့်စင်ပြီးမှ မှာထားတဲ့ပစ္စည်းတွေကို အိမ်ထဲယူလာသင့်ပါတယ်။

စားသောက်ကုန်တွေကို သေသေချာချာ သန့်စင်ပါ

ပါဆယ်ထုပ်အခွံတွေကို လွှတ်ပစ်ပြီးရုံနဲ့ သင့်အလုပ်က မပြီးသေးပါဘူး။ အိမ်ထဲကို ယူလာပြီးရင် စားသောက်ကုန်နဲ့ ထုတ်ကုန်တွေကို သန့်စင်ပေးရပါမယ်။ ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ပဲ သန့်စင်ပေးပါ။ ရေနွေးနွေးထဲမှာ ကယ်လိုရင်း ၅၀ မီလီဂရမ်ထည့်ပြီး မိနစ်အနည်းငယ်လောက် ဟင်းသီးဟင်းရွက်တွေကို စိမ်ထားလိုက်ပါ။ အဝတ်အထည်နဲ့ အခြားပစ္စည်းတွေဆိုရင် အသုံးမပြုခင် လျှော်ဖွတ်သန့်စင်ပေးဖို့ အကြုံပြုချင်ပါတယ်။

သင် မှာထားတာ ချက်ချင်းစားရတဲ့အစားအစာဆိုရင် အိမ်အပြင်ဘက်မှာပဲ အစားအသောက်ဘူးထည့်ထားတဲ့ အပြင်အိတ်ကို ဖယ်ရှားပြီး သင့်လက်ကို ပိုးသတ်ဆေးနဲ့ သန့်စင်ပြီးမှ အိမ်ထဲကို ယူလာသင့်ပါတယ်။ အဲဒီနောက် အစားအစာတွေကို အိမ်က ပန်းကန်ထဲကို ပြောင်းထည့်ပြီး နဂိုပါလာတဲ့ဘူးကို အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်လိုက်ပါ။ အဲဒါပြီးရင် သင့်လက်တွေကို သေချာဆေးဖို့မမေ့ပါနဲ့။

Ref: How to avoid picking up germs from mail and deliveries

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top