အလုပ်ပိတ်ရက်မှာ အသားအရေထိန်းသိမ်းမှုလုပ်နိုင်ဖို့ Coffee Body Scrub

yyl69000.jpg

ဒီ‌နေ့တော့ ပျိုမေတို့အတွက် ပိတ်ရက်မှာ အသားအရေထိန်းသိမ်းပြုပင်ထိန်းသိမ်းချင်ရင် အသုံးဝင်စေနိုင်မယ့်နည်းကောင်းလေးတစ်ခု‌ပြောပြပေးချင်ပါတယ်။ ကုန်ကျစရိတ်အများကြီးမရှိသလို ထိရောက်အကျိုးရှိတဲ့ နည်းပါ။ အဲဒါကဘာလဲဆိုရင်တော့ Coffee မှုန့်အ‌ခြေခံ Body Scrub ဖော်စပ်တဲ့နည်းပါပဲ။

Coffee Body Scrub မှာပါတဲ့လိမ္မော်ဆီဟာ အသားအရေကို ပြန်လည်အားဖြည့်ပေးမယ့်အပြင် အကြောပြတ်ရာတွေနဲ့ ချိုင့်ခွက်တွေကိုလည်း ‌လျော့ပါးသက်သာစေပါတယ်။ ကော်ဖီမှာပါဝင်တဲ့ antioxidants ကအသားအရေနီမြန်း ယောင်ယမ်းခြင်းကို တားဆီးပေးပြီး အရွယ်မတိုင်ခင်မှာ အသားအရေအိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းဖြစ်ခြင်း‌တွေကို ကာကွယ်ပေးပါတယ်။ နောက်ထပ် ပါဝင်ပစ္စည်းတွေဖြစ်တဲ့ မက်မွန်ဆီနဲ့ဗီတာမင် E တို့ကလည် အသားအရေကို အစိုဓာတ်ဖြည့်‌ပေးပြီး နူးညံ့ချောမွေ့နေစေမှာအမှန်တကယ်ပါ။

အိမ်တွင်း Coffee Body Scrub ပြုလုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေက ကော်ဖီမှုန့်၊ သကြားညို၊ မက်မွန်ဆီ၊ ဗီတာမင် E အဆီနဲ့ လိမ္မော်ဆီတို့ဘဲဖြစ်ပါတယ်။ Scrub ပြုလုပ်တဲ့အခါမှာ သတြိပုရမှာက ညက်နေပောင်ကြိတ်ချေထားတဲ့ သဘာဝကော်ဖီမှုန့်ကိုပဲ ရွေးသုံးရမှာဖြစ်ပါတယ်။ ဒါမှ အသားအရေနာကျင်မှုမရှိဘဲ ဆဲလ်သေတွေကိုနူးနူးညံ့ညံ့လေး သန့်စင်ပေးနိုင်မှာပါ။ ဆဲလ်တွေဖယ်ရှားပြီးတဲ့အခါမှာ အစိုဓာတ်နဲ့အသစ်တစ်ဖန် နူးညံ့သွားတဲ့ လန်းဆန်းသစ်လွင်မှုကို ခံစားလာရမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကော်ဖီမှုန့် ( ပန်းကန်လုံးတစ်လုံးစာ )
သကြားအညို ( ပန်းကန်လုံးတစ်ဝက်စာ)
မက်မွန်ဆီ ( ပန်းကန်လုံး၏ ၄ ပုံ ၁ ပုံ )
ဗီတာမင် E အဆီ ( ပန်းကန်လုံး၏ ၄ ပ ုံ၁ ပုံ )
လိမ္မော်ဆီ ( ဟင်းချိုဇွန်း ၁ ဇွန်း )

ပြုလုပ်ပုံ

၁။ ပါဝင်ပစ္စည်းတွေကိုဇလုံတစ်ခုထဲ ထည့်ပါ။

၂။ ရေခဲမုန့်ဇွန်း ၁ ဇွန်းစာ ရေပမာဏကို ဇလုံထဲထည့်ပြီး ပါဝင်ပစ္စည်းတွေကိုလက်နဲ့ ရောမွှေပါ။

၃။ ‌ရောမွှေနေစဉ်မှာလက်ခြောက်မသွားစေဖို့Coffee Body Scrub ကို စက်ဝိုင်းပုံအတိုင်း နယ်ပေးပါ။

၄။ ပုလင်းလွတ်တစ်လုံးထဲကို ဆီစုပ်စက္ကူခံထည့်ပြီး ကြိုခံထားပါ။

၅။ အသင့်နယ်ထားတဲ့အရောအနှောကို ဆီစုပ်စက္ကူ ရှိနေတဲ့ ပုလင်းလွတ်ထဲ ထည့်ပေးပါ။

၆။ ပုလင်းကို လေလုံအောင်အဖုံး‌သေချာပိတ်ပြီး ခြောက်သွေ့တဲ့နေရာမှာ သိမ်းပါ။

အခုမှစလုပ်မယ့်သူ‌တွေဆိုရင် စစချင်းမှာ မက်မွန်ဆီကို ‌ကော်ဖီမှုန့်ထည့်တဲ့ပန်းကန်လုံးရဲ့လေးပုံတစ်ပုံစာလောက်ပဲထည့်ပြီး ပြုလုပ်ကြည့်တာက အကောင်းဆုံးပါ။ နောက်ပိုင်း နှစ်သက်တဲ့အနံ့နဲ့ အရောင်အနေအထားရပြီဆိုမှပဲ ပါဝင်ပစ္စည်း‌တွေရဲ့ပမာဏကို အဆင်ပြေသလို ထပ်တိုးသုံးနိုင်ပါတယ်။ Coffee Body Scrub ကို (၂) ပတ်ကနေ (၄) ပတ်အတွင်းမှာအသုံးပြုတာက အကောင်းဆုံး ဆိုတာလည်း မေ့မနေသင့်ပါဘူး။

Ref: Pinerest
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top