အရောင်ဆိုးထားတဲ့ဆံပင်တွေ မပျက်စီးအောင် ဂရုစိုက်ကြမယ်

10-3-2020-yyl007.jpg

မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေကပါ စတိုင်ခပ်လန်းလန်းလေးဖြစ်ဖို့အတွက် ဆံပင်ပုံစံပြောင်းဖြစ်ကြပါတယ်။ မိန်းကလေးတွေက ဆံပင်ကောက်တာတွေလုပ်ကြသလို ဆံပင်အရောင်အမျိုးမျိုးဆိုးဖြစ်ကြပါတယ်။ ဆံပင်အရောင်ဆိုးလိုက်ပြီဆိုရင် မပျက်စီးအောင် ဂရုစိုက်ဖို့လိုလာပါပြီ။ အရောင်ဆိုးထားတဲ့ဆံပင်တွေ မပျက်စီးဘဲ ကာလာအရောင်နဲ့ လှနေစေဖို့အတွက် ဆံပင်ထိန်းသိမ်းနည်းတချို့ကို မျှဝေပေးလိုက်ရပါတယ်။

ဆံပင်ပျော့ဆေးများများသုံးပေးပါ

အရောင်ဆိုးထားတဲ့ဆံပင်ကို ဆံပင်ပျော့ဆေးများများသုံးတာ၊ ပေါင်းဆေးသုံးပေးတာတွေနဲ့ ဂရုစိုက်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အရောင်ဆုံးထားတဲ့ဆံပင်က ခြောက်သွေ့ကြမ်းတမ်းတတ်တဲ့အတွက် ဆံပင်ကို ရေဓာတ်ထိန်းပေးဖို့ အရမ်းအရေးကြီးပါတယ်။ ပျားရည်နဲ့ ကိုယ်တိုင်လုပ်တဲ့ဆံပင်ပေါင်းဆေးကလည်း ဆံပင်ရေဓာတ်ဆုံးရှုံးမှုကို ဖြည့်တင်းပေးပါတယ်။ ရှားစောင်းလက်ပတ်ပါဝင်တဲ့ hair mask ကလည်း အရောင်နဲ့ဆံပင်အတွက် ထိရောက်မှုရှိပါတယ်။

ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေကို ရှောင်ပါ

အရောင်ဆိုးထားတဲ့ဆံပင်က ရေဓာတ်လုံလုံလောက်လောက်မရှိဘူးဆိုရင် အချိန်ခဏလေးနဲ့ ဆံပင်တွေ ခြောက်သွေ့သွားနိုင်ပါတယ်။ ဆံပင်ခြောက်စက်၊ ဖြောင့်စက်၊ ကောက်စက်တွေကို အသုံးပြုခြင်းမှ ရှောင်ရှားသင့်ပါတယ်။ အဲဒီအရာတွေကို သင့်ဆံပင်ကို ပိုပြီးခြောက်သွေ့စေနိုင်ပြီး ဗောက်ထခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံတာ အကောင်းဆုံးပါပဲ။

အရောင်ကာကွယ်ပေးတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ

ဆံပင်အရောင်အတွက် သီးသန့်ထုတ်ထားတဲ့ ထုတ်ကုန်တွေရှိပြီး အဲဒါတွေက ဆံပင်အရောင်မှေးမှိန်သွားတာ၊ ဆံပင်ပျက်စီးသွားတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်အရောင်အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုတာက အကောင်းဆုံးပါပဲ။ ခေါင်းလျှောက်တဲ့အခါ ရေပူမသုံးဘဲ ရေအေးကိုသာ အသုံးပြုပေးသင့်ပါတယ်။

ဆံသားကို မကြာခဏ ဆီလိမ်းပေးပါ

ဆံသားကို နေ့တိုင်းဆီလိမ်းဖို့ သင့်ရဲ့အမေ ပြောတာကို ခဏခဏကြားပါလိမ့်မယ်။ ဆီက သင့်ဆံပင်အတွက် အကောင်းဆုံးအရာပါပဲ။ သင့်ဆံပင်ကို အာဟာရဖြည့်ပေးသလို ဆံသားနဲ့ဦးရေပြားကိုလည်း ရေဓာတ်ဖြည့်တင်းပေးပါတယ်။

Ref: How to care for coloured hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top