နွေရာသီမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

18-3-2020-yyl-012.jpg

နွေရာသီဟာ သာယာတဲ့ရာသီဥတုပါပဲ။ ဒါပေမဲ့ နွေရာသီမှာ အရေပြားပြဿနာတွေနဲ့ အခြားအရာတွေလည်း ကြုံတွေ့ရတတ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ပျော်ပျော်ရွှင်ရွင်နဲ့ ဖြတ်သန်းနိုင်ဖို့ ကြုံတွေ့ရမယ့် ပြဿနာတွေကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို အနည်းငယ် မျှဝေပေးချင်ပါတယ်။

ချွေးထွက်ခြင်းနဲ့ အနံ့ထွက်ခြင်း

ခြေစေးထွက်တာနဲ့ ချိုင်းအောက်က အနံ့ဆိုးထွက်တာတွေကို နွေရာသီမှာ ကြုံတွေ့ရတတ်ပါတယ်။ အဲဒါတွေကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းကတော့ ချည်သားလို သဘာဝပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ခြေအိတ်နဲ့ အဝတ်အစားတွေ ဝတ်ဆင်တာပါပဲ။ အဝတ်အစားကို နေ့တိုင်းလဲလှယ်ပေးပြီး ရေပုံမှန်ချိုးပေးပါ။ အရမ်းပူတာကြောင့် ရေကို နှစ်ကြိမ် (သို့) သုံးကြိမ်ချိုးပေးသင့်ပါတယ်။ ချွေးထွက်တာကို ရပ်ချင်ရင်တော့ ကော်ဖီသောက်မဲ့အစား လက်ဖက်စိမ်းကို သောက်သုံးပေးပါ။ ချိုင်းအနံ့ဆိုးမထွက်အောင် သင့်နဲ့ကိုက်တဲ့ အမွေးအနံ့ပျောက်ဆေးကို အသုံးပြုပေးသင့်ပါတယ်။

အရေပြားယားယံခြင်း

နွေရာသီမှာ စကက်အတို၊ ဘောင်းဘီအတိုဝတ်တဲ့အခါ ပေါင်မှာ အရေပြားယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် သင့်အသားရေကို moisturizer နေ့တိုင်းအသုံးပြုပေးပါ။ ဗီတာမင်စီ၊ အီ၊ သခွားသီးပါဝင်တဲ့ ခရင်မ်တွေကို အသုံးပြုပေးသင့်ပါတယ်။ ရေကို နေ့တိုင်းချိုးပြီး ဆပ်ပြာနဲ့ ခန္ဓာကိုယ်ကို သေချာတိုက်ပေးပါ။ နီမြန်းယားယံတာကို ဖယ်ရှားချင်ရင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ ယားယံတဲ့နေရာကို ရေခဲမကပ်ပေးသင့်ပါဘူး။ နှင်းကိုက်နာဖြစ်လာနိုင်တဲ့ အတွက်ကြောင့်ပါ။

ခြင်

ခြင်နဲ့အခြားအင်းဆက်တွေ ကိုက်တာကို နွေရာသီမှာ ကြုံတွေ့ရတတ်ပါတယ်။ သင့်အိမ်ကနေ အဲဒီအင်းဆက်ပိုးမွှားတွေကို မောင်းထုတ်ပစ်ချင်ရင် နည်းမျိုးစုံအသုံးပြုလို့ရပါတယ်။ သင့်အိမ်တံခါးပေါက်နဲ့ ပြတင်းပေါက်တွေကို သံဇကာပေါက်တွေ တပ်ဆင်ထားလို့ရပါတယ်။ သစ်ကြံပိုးခေါက်ဆီကလည်း ခြင်တွေကို အဝေးပြေးစေပါတယ်။

ဖုန်မှုန့်

နွေရာသီဆို ဖုန်အရမ်းထူပါတယ်။ ဖုန်တွေက ပြတင်းပေါက်ကနေ ဝင်လာပြီး ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။ သင့်အိမ်ကို သန့်ရှင်းစေဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ဖုန်စုပ်ပေးပြီး အပတ်တိုင်း အိပ်ရာခင်းတွေကို လျှော်ဖွတ်ပေးပါ။ ဖုန်ပေခံတဲ့အိပ်ရာခင်းတွေကို အသုံးပြုသင့်ပါတယ်။

အစာအဆိပ်သင့်ခြင်း

ဝမ်းလျှောတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေက အစာအဆိပ်သင့်ခြင်းရဲ့လက္ခဏာရပ်တွေပါပဲ။ နွေရာသီမှာ အစာမှားရင် တော်တော်မလွယ်ပါဘူး။ အစာအဆိပ်သင့်တာ အရမ်းမဆိုးဘူးဆိုရင် ရေများများသောက်ဖို့နဲ့ အနားယူဖို့လိုပါတယ်။ အစာအဆိပ်သင့်တာ ရက်ကြာသွားရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ အစာအဆိပ်သင့်တာ ပျော့ရင် ခရမ်းချဉ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်တွေက နေမကောင်းဖြစ်တာကို သက်သာသွားစေနိုင်ပါတယ်။ အဲဒီဖျော်ရည်တွေက သင့်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာမှာ အကူအညီဖြစ်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေ ကြွယ်ဝပါတယ်။ အဆိပ်သင့်တာကို ကာကွယ်ဖို့ဆိုရင် အသီးနဲ့ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ သေချာဆေးပါ။ အသင့်စားလို့ရတဲ့ အစားအစာတွေထက် လတ်ဆတ်တဲ့ အစားအစာတွေကို စားပြီး သင် စားတဲ့အစားအစာတိုင်းရဲ့အနံ့နဲ့ ပုံစံကို သေချာစစ်ဆေးသင့်ပါတယ်။

နေလောင်ခြင်း

နေပူထဲထွက်တဲ့အခါမှာ သင့်အသားရေကို နေလောင်သွားတတ်ပါတယ်။ ဒါကို ရှောင်ရှားဖို့အတွက် နေအပူချိန်ကို ကာကွယ်နိုင်တဲ့ အဝတ်အစားကို ဝတ်ဆင်ပြီး ဦးထုပ်ဆောင်းတာ (ဒါမှမဟုတ်) ထီးဆောင်းတာတွေ လုပ်ပေးပါ။ နှစ်နာရီတစ်ခါ Sunscreen လိမ်းပြီး ရေလုံလုံလောက်လောက် သောက်ပေးပါ။ အသားရေနေလောင်သွားပြီဆိုရင် ရှားစောင်းလတ်ပတ်ဂျယ်လ် လိမ်းတာဖြစ်ဖြစ် ရေခဲကပ်ပေးတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ နေလောင်တဲ့နေရာက အရမ်းကြီးပြီး နာကျင်နေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

Ref: How to Fix the Problems All of Us Suffer From in the Summer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top