အင်ဒိုနီးရှားရှိ ရေခဲမြစ်ငယ်များ ဆယ်စုနှစ်အတွင်း ပျောက်ကွယ်မည်

yyl-001-9.jpg

အင်ဒိုနီးရှားနိုင်ငံ Papua ဒေသရှိ ကီလိုမီတာထောင်ချီ ကျယ်ပြန့်သော ရေခဲမြစ်ငယ်များသည် လျှင်မြန်စွာ အရည်ပျော်နေပြီး လာမည့် ဆယ်စုနှစ်အတွင်း ပျောက်ကွယ်သွားဖွယ် ရှိသည်ဟု သိပ္ပံပညာရှင်များ လေ့လာသိရှိရသည်။ ယခု နှစ်နွေရာသီကာလအတွင်း Iceland ရှိ Okjokull ရေခဲမြစ်သည်လည်း ရာသီဥတု ပြောင်းလဲလာမှုကြောင့် အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ထိုရေခဲမြစ်သည် ပထမဦးဆုံး ခမ်းခြောက်သွားသော ရေခဲမြစ်ဟု မှတ်တမ်းတင်ထားခဲ့သည်။ ထို့အပြင် အခြားသော ရေခဲမြစ် ၄၀၀ လည်း စိုးရိမ်ဖွယ်အဖြစ် သတ်မှတ်ထားသည်။ ရေခဲမြစ်များသည် လူပေါင်း သန်းချီအတွက် အဓိကရေအရင်းအမြစ်လည်းဖြစ်သည်။

တပြိုင်တည်းမှာပင် ဆွတ်ဇာလန်နိုင်ငံရှိ သုသေတန ပညာရှင်များက အတားအဆီးမရှိ ဓာတ်ငွေ့ ထုတ်လွှတ်မှုများကြောင့် တောင်တန်း များပေါ်ရှိ ၉၀% သော ရေခဲမြစ်များ နှစ်၁၀၀အတွင်း ပျောက်ကွယ်သွားမည်ဟု သတိပေးထားသည်။ ရေခဲမြစ်များ နှင့် အထူးသဖြင့် Greenland နှင့် Antarctica မှရေခဲမြစ်ပြင်များ အရည်ပျော်ခြင်းက ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းရဲ့ အဓိကအကြာင်းအရင်းဖြစ်ပြီး ပင်လယ်ကမ်းခြေ မြို့ကြီးများ နှင့် ကျွန်းနိုင်ငံလေးများကို ခြောက်လှန့်၍နေပါသည်။

အင်ဒိုနီးရှားနိုင်ငံ Papua ဒေသမှ ရေခဲမြစ်ငယ်များသည် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း ၈၅%လောက် သေးငယ်လာခဲ့သည်။ ဒီတပတ် လေ့လာချက်အရ ၂၀ စတုရန်း ကီလိုမီတာ ကျယ်သော ရေခဲမြစ်သည် ၁ စတုရန်း ကီလိုမီတာဝက်လောက် သေးငယ်သွားခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တိုင်းတာချက်အရ ဒါသည် ရေခဲအရည်ပျော်မှု ငါးဆလောက် မြန်ဆန်လာခြင်းဖြစ်သည်။

“အခြေအနေကတော့ စိတ်ပူရမယ့် အနေအထားကိုရောက်လာပြီ။ ဘာလို့လဲဆိုတော့ ရေခဲဖြစ်ပေါ်ခြင်းက ဖြစ်မလာတော့ ဘူးလေ။ ရေခဲမြစ်တွေက ဆယ်စုနှစ် အတွင်း ပျောက်ကွယ်တော့မည့် ဘေးအန္တရာယ်နဲ့ ကြုံနေရပြီ။ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို လျော့ချမယ်၊ သစ်ပင်များစိုက်မယ် ဆိုလျှင် ရေခဲအရည်ပျော်ခြင်းကို နှောင့်နှေးစေနိုင်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ တားဆီးဖို့ဆိုတာ အရမ်းခက်ခဲတယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု အင်ဒိုနီးရှား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် Permana မှ ဆိုသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top