အားလပ်ရက်မှာ ကိုရီးယားကင်မ်ချီ လုပ်စားကြရအောင်

2-6-2020-yyl-034.jpg

လွန်ခဲ့တဲ့ ၁ဝစုနှစ်လောက်ကတည်းက ကျွန်တော်တို့ ကင်မ်ချီဆိုတဲ့ အစားအစာတစ်ခုကို ကိုရီးယားရုပ်ရှင်တွေကြည့်ရင်း ရင်နှီးမှုရှိပြီးသားပါ။ ဟင်းသာမပါဘဲနေမယ် ကင်မ်ချီပါလို့ကတော့ ထမင်းဇလုံလိုက်စားကြတာကို မြင်ဖူးကြမှာပါ။

ကင်မ်ချီဆိုတာ ကိုရီးယားရိုးရာအစားအစာတစ်ခုပါ။ မပါမဖြစ်ပါတဲ့ ဟင်းလျာတစ်ခုဆိုလည်း မမှားပါဘူး။ အားလပ်ရက်မှာ ကိုရီးယားကားကြည့်ပြီး ကင်မ်ချီလုပ်စားချင်တဲ့ အိုမားတို့၊ အွန်ညီးတို့အတွက် အလွယ်ကူဆုံး ကင်မ်ချီလုပ်နည်းလေးကို ညွှန်ပြပေးချင်ပါတယ်၊

လိုအပ်တဲ့ပစ္စည်းများ

မုန်ညင်းဖြူထုတ်၊ မုန်လာဥဖြူ ၊မုန်လာဥနီ၊ သခွားသီး၊ ဂေါ်ဖီ၊ အခွံနွှာထားတဲ့ ပုစွန်အနည်းငယ်၊ ငရုတ်သီးမှုန့်(supermarket တွေမှာ ကင်မ်ချီအတွက် သီးသန့်ငရုတ်သီးမှုန့်ဆိုပြီး ဝယ်ယူနိင်ပါသည်။)၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား၊ သကြား

(၁) ပထမဦးစွာ မုန်ညင်းထုပ်ကို အလယ်ကနေ ထက်ခြမ်းခြမ်းပီး ရေဆေးပါ။ ပြီးရင်တော့ ဆားဖြူးပြီး နှံအောင်နယ်ပေးပါ။ (တချို့က ဆားရည်နဲ့ဆေးပါတယ်)။ ၄နာရီလောက်ထားပီး မုန်ညင်းတွေကို ရေဆေးပြီး စစ်ထားပေးပါ။

(၂) မုန်လာဥကိုရေဆေးပြီး ခပ်ပါပါးနဲ့ အရှည်လေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ခပ်ရှည်ရှည်လေး လှီးထားပေးပါ။ ချင်းနဲ့ ကြက်သွန်ဖြူကိုလည်း ခြစ်ထားပေးပါ။

(၃) ဇလုံအသန့်တစ်ခုထဲကို မုန်လာဥ၊ ချင်း၊ ကြက်သွန်ဖြူ၊ ပုစွန်၊ ဆား၊ သကြား၊ ငရုတ်သီးမှုန့်တို့ထည့်ပြီး သေချာရောနယ်ပေးပါ။

(၄) ရေစစ်ထားတဲ့ မုန်ညင်းဖြူထုပ်ကိုယူပြီး တစ်လွှာချင်းစီရဲ့ကြားထဲမှာ ခုနကရောနယ်ထားတဲ့ မုန်လာဥအနှစ်တွေကို တစ်လွှာပြီးတစ်လွှာ သေချာထည့်ပါ။ မုန်ညင်းထုပ်ကို ကျန်ရှိတဲ့ငရုတ်သီးမုန်လာဥအနှစ်တွေနဲ့ နှံအောင်ရောနယ်ပြီးရင်တော့ ဘူးအသန့်၊ ပုလင်းအသန့်ထဲကိုထည့်ပြီး လေလုံအောင်ပိတ်ထားပေးပါ။

(၅) နောက်တစ်နေ့မနက်ရောက်ရင် အဲဒီကင်မ်ချီကနေ အရည်တွေထွက်လာပါမယ်။ ဘာမှမဖြစ်ပါဘူး။ နောက်၃ရက်လောက်နေရင် ချဉ်လာပြီး စားလို့ရပါပြီ။ အရည်တွေကို မလိုချင်ရင် သွန်ပစ်လို့ရသလို ဟင်းချက်ရာမှာလည်း ထည့်ချက်နိင်ပါတယ်။ ပိုပြီးအချဉ်ကဲမှ စားချင်တယ်ဆိုရင်တော့ ရက်နည်းနည်း ကြာအောင်ထားပေးဖို့တော့ လိုအပ်တယ်နော်။

ကဲ…………အခုပဲ ထမင်းစားမြိန်အောင် ကင်မ်ချီလုပ်လိုက်ကြရအောင်။

Ref: how to make kimchi in 5 easy steps

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top