၄.၂၂စက္ကန့်တည်းနဲ့ ကုဗတုံးဆက် ပဟေဠိကို ဖြေရှင်းလိုက်နိုင်တဲ့ ၂၂နှစ်အရွယ် လူငယ်

ဖီလစ်ဇမ်ဒက် (Feliks Zemdegs) အမည်ရတဲ့ အသက်၂၂နှစ်အရွယ် ဩစတေးလျနိုင်ငံသား လူငယ်လေးတစ်ဦးဟာ ကုဗပုံတုံးဆက် ပဟေဠိကို ၄.၂၂စက္ကန့်တည်းနဲ့ ဖြေရှင်းလိုက်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။

သူဟာ မဲလ်ဘုန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘောဒီးယား ၂ဝ၁၈ ပွဲတော်အတွက် 3x3x3 ပတ်လည်ရှိတဲ့ ကုဗပုံ တုံးဆက်ပဟေဠိကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၄.၅၉စက္ကန့်နဲ့ စံချိန်ချိုးထားတဲ့ ယခင်ကမ္ဘာ့စံချိန်ကို ကျော်လွန်ကာ စံချိန်အသစ်တစ်ခု တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ဗီဒီယိုမှတ်တမ်းအရ သူဟာ အသက်အရွယ်မျိုးစုံ ပါဝင်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး သူ့လက်တွေကို မချလိုက်ခင်မှာ အရောင်တူညီတဲ့ လေးထောင့်တုံးလေးတွေ အားလုံးကို ကိုက်ညီအောင် ကြိုးစားခဲ့တာဖြစ်ပါတယ်။ စံချိန်ချိုးဖျက်ကာ အောင်နိုင်သွားပြီးတဲ့အခါမှာတော့ သူငယ်ချင်းနဲ့ ပါဝင်ယှဉ်ပြိုင်သူတွေကို မတ်တတ်ရပ် ပွေ့ဖက် နှုတ်ဆက်ခဲ့ပါတယ်။

ဖီလစ်ဟာ ကမ္ဘာ့ ကုဗတုံး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူ့ကို YouTube မှာ Subscribe ပြုလုပ်ထားသူ ၃သိန်းနီးပါးရှိပြီး ဖေ့ဘွတ်မှာတော့ followers ပေါင်း ၉သောင်းကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။

Ref : Dailymail “Speedcuber, 22, breaks world record by solving Rubik’s cube in just 4.22 seconds”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top