ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားကို ဘာလို့အသုံးပြုသင့်လဲဆိုရင်

yyl-009-7.jpg

ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျန်းမာတဲ့ဘဝနေထိုင်မှုရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလုပ်အရမ်းများလို့ အချိန်ယူပြီး Gym သွားလေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့သူတွေအတွက်လည်း အခြားလှုပ်ရှားမှုလုပ်ဆောင်ချက်များစွာရှိပါတယ်။ လှေကားနဲ့ တက်တာကလည်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်သလိုပဲလို့ ပြောလို့ရပါတယ်။ လှေကားနဲ့ တက်တာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်သလို အခြားအကျိုးကျေးဇူးများစွာလည်း ရှိပါတယ်။ ကိုယ်အလေးချိန်ချပြီး ခန္ဓာကိုယ်အမိုက်စားဖြစ်ချင်တဲ့သူတွေကလည်း ဓာတ်လှေကားအသုံးပြုမယ့်အစား လှေကားကိုအသုံးပြုပေးသင့်ပါတယ်။ ဘာကြောင့် အခုလိုပြောလဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ကြပါနော်..။

နှလုံးအတွက် ကောင်းမွန်စေခြင်း

လှေကားအသုံးပြုတာက ကောင်းတဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်ပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ်တဲ့ကျန်းမာရေးပြဿနာတွေကို လျော့ချပေးနိုင်သလို သွေးဖိအားများတာနဲ့ ဆီးချိုရောဂါကိုလည်း ထိန်းညှိပေးပါတယ်။

ကိုယ်အလေးချိန်ကျခြင်း

လှေကားကို လေ့ကျင့်ခန်းလုပ်သလို ခဏခဏတက်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျော့ချပေးသလို ခန္ဓာကိုယ်ကျစ်လျစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်ပေးခြင်း

လှေကားတက်တာကလည်း အြခေခံကျတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို လေ့ကျင့်ပေးသလိုပါပဲ။ ရုံးကို ခြေလျင်လျှောက်ပြီးလာတာကလည်း အခြေခံကျတဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေက အရိုးအဆစ်တွေ ကျစ်လစ်အောင် ကူညီပေးမှာဖြစ်ပါတယ်။

သေဆုံးနိုင်ခြေနည်းခြင်း

နေ့တိုင်း လှေကားထစ်တက်တာက စောစောသေဆုံးနိုင်ခြေကို လျော့နည်းစေပါတယ်။ နေ့တိုင်း လှေကားနဲ့ (၇) မိနစ်တက်ရုံနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။

အရိုးပွရောဂါဖြစ်နိုင်ခြေကို လျော့ချပေးခြင်း

ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားနဲ့တက်တာက အရိုးပွရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဘယ်လို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကိုပဲလုပ်လုပ် အဲဒါတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ လှေကားနဲ့တက်တာက အချိန်အများကြီးမယူရတဲ့ ရိုးရှင်းတဲ့ ကိုယ်လက်လှုပ်ရှားမှုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းအောင်လည်း ကူညီပေးပါတယ်။

အဆုတ်အားကောင်းခြင်း

လှေကားနဲ့တက်တာကလည်း အဆုတ်အတွက် ကောင်းမွန်ပါတယ်။ လှေကားနဲ့တက်တာက နှလုံးအတွက် အလုပ်ဖြစ်ရုံသာမက အဆုတ်အတွက်လည်း အကျိုးသက်ရောက်မှုရှိပါတယ်။ အဆုတ်စွမ်းဆောင်နိုင်အား တိုးလာအောင် ကူညီပေးနိုင်ပါတယ်။

Ref: 7 other reasons why you should take the stairs instead of lift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top