ဝယ်ယူမယ့်သူမရှိရင် တစ်စစီဖျက်ပစ်ခံရမယ့် ပေါင် သန်း ၉၀၀ တန် ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘော

1-9-2022-yyl-16.jpg

အခုဆို ခရီးသည် ၉၀၀၀ ကို တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘောကြီးဟာ ရေမချရသေးခင်မှာပဲ တစ်စစီဖျက်ခံရမယ့် အခြေအနေ ကြုံနေရပါတယ်။ပေါင် သန်း ၉၀၀ တန်တဲ့ Global Dream II အပျော်စီးသင်္ဘောကြီးက ရေပေါ်အပန်းဖြေကစားကွင်းနဲ့ ရုပ်ရှင်ရုံပါဝင်ပါတယ်။

ဂျာမန်-ဟောင်ကောင် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီ MV Werften က ဒီသင်္ဘောကြီးကို တည်ဆောက်ပြီးစီးလုနီးပါးဖြစ်ခဲ့ပေမဲ့ အခုနှစ်အစပိုင်းမှာ ကုမ္ပဏီဒေဝါလီခံရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီသင်္ဘောတည်ဆောက်ဖို့အတွက် အခုအချိန်ထိ ပေါင် ၁.၂ ဘီလျံဝန်းကျင် ကုန်ကျခံထားပါတယ်။

ဆောက်လုပ်ပြီးစီးဖို့အတွက် ဒီသင်္ဘောကို ဝယ်ယူမယ့်သူမတွေ့ရင် တစ်စစီဖျက်ပစ်ဖို့ စီစဉ်ထားပါတယ်။ အခု သင်္ဘောရဲ့အင်ဂျင်နဲ့အစိတ်အပိုင်းတွေကို ဖြုတ်ရောင်းဖို့ လုပ်ထားပါတယ်။ အောက်ခြေကိုယ်ထည်ကိုလည်း ရောင်းချမှာဖြစ်ပါတယ်။

ပထမဆုံး Global Dream သင်္ဘောကလည်း လက်ရှိ ဈေးကွက်မှာ ရှိနေပေမဲ့ ရောင်းမထွက်သေးပါဘူး။ သင်္ဘော (၂) စင်းလုံးကို ဂျာမန်သင်္ဘောကျင်းတစ်ခုမှာ သိမ်းဆည်းထားပေမဲ့ ဝယ်မယ့်သူကို ရှာဖွေတဲ့ အချိန်ကလည်း ကုန်တော့မှာပါ။ MV Werften ရဲ့စီမံခန့်ခွဲသူ ခရစ်စတော့ဖ် မော်ဂန်က ကုမ္ပဏီရဲ့သင်္ဘောကျင်းကို စစ်သင်္ဘောတည်ဆောက်ဖို့ အသုံးပြုသွားမယ့် Thyssenkrupp ကုမ္ပဏီကို ရောင်းချလိုက်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ကုန်လောက်မှာ Global Dream နဲ့ Global Dream II တို့ကို ဖယ်ရှားပစ်နိုင်ပါတယ်။

Global Dream II က တည်ဆောက်ပုံအရ ပြီးသွားပေမဲ့ အကုန်ပြီးစီးဖို့အတွက် စက်ကိရိယာတချို့နဲ့ ခရီးသည်ဝန်ဆောင်မှုပေးမယ့်နေရာ လိုအပ်နေသေးပါတယ်။ သင်္ဘောတွေကို ဝယ်ယူမယ့်သူရှာဖွေဖို့အတွက် အတားအဆီးတစ်ခုကတော့ ဒီသင်္ဘောတွေကို အာရှဈေးကွက်အတွက် ဒီဇိုင်းထုတ်ထားတာဖြစ်တဲ့အတွက် မြောက်အမေရိက (ဒါမှမဟုတ်) ဥရောပနိုင်ငံတွေမှာ အသုံးပြုဖို့ဆိုရင် သင်္ဘောအခန်းငယ်၊ ကုန်းပတ်နဲ့ မောင်းနှင်အားစနစ်တွေမှာ ကြီးမားတဲ့ပြောင်းလဲမှုလုပ်ဖို့လိုတာပါ။

Ref: TheSun “How ‘world’s largest’ cruise ship worth £900million built for 9,000 passengers will be SCRAPPED before first voyage

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top