Spider-Man: Brand New Day မှာ တွမ်ဟော်လန်ရဲ့စတန့်အစားထိုးသရုပ်ဆောင်လုပ်ခဲ့တဲ့ တရုတ်လူမျိုးစတန့်သမား

stan.jpg

အင်တာနက်အသုံးပြုသူတွေက ဝမ်ကျွမ်းကျွမ်းဆိုတဲ့ ပရော်ဖက်ရှင်နယ်တရုတ်စတန့်သမားအပေါ် စိတ်ဝင်စားလို့နေပါတယ်။ သူဟာ Spider-Man: Brand New Day မှာ မင်းသားတွမ်ဟော်လန်ရဲ့စတန့်အစားထိုးသရုပ်ဆောင်ဖြစ်ခဲ့လို့ပါပဲ။

တရုတ်အင်တာနက်အသုံးပြုသူတွေက သူ့ကို He Nan Di လို့ နာမည်ပြောင်ပေးထားပါတယ်။ သူ့ကိုတင်မဟုတ်ဘဲ မင်းသားတွမ်ဟော်လန်ကိုလည်း ဝမ်ကျွမ်းကျွမ်း နဲ့ လိုက်ဖက်တဲ့ နာမည်ပြောင်လည်းပေးထားပါတယ်။ တွမ်ဟော်လန်ကို He Lan Di (Holland Younger Brother) လို့ နာမည်ပြောင်ပေးထားတာပါ။

ကျွမ်းကျွမ်းက Henan ပြည်နယ်ကပါ။ Henan (He Nan) နဲ့ Holland (He Lan) က မန်ဒရင်းဘာသာစကားမှာ အသံထွက်အလွန်ဆင်တူတာကြောင့် ပရိသတ်တွေက ကျွမ်းကျွမ်းကို He Nan Di လို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ဇာတ်ကားရိုက်ကူးရင်း တွမ်ဟော်လန်က ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ရိုက်ကူးရေးကို လုံးဝ ရပ်ပစ်မယ့်အစား ထိခိုက်မှုကနေ တွမ်ဟော်လန်ပြန်လည်ကောင်းမွန်လာအောင်လုပ်ရင်း စကားပြောအခန်းတွေအပေါ် အာရုံစိုက်နေတဲ့အချိန် ဇာတ်ကားရဲ့ ရုပ်ပိုင်းဆိုင်ရာဇာတ်ဝင်ခန်းတွေအတွက် စတန့်အဖွဲ့ကို အားကိုးအားထားပြုခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရုပ်ရှင်ကားရုံတင်ပြီးတဲ့နောက်မှာ ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဝမ်ကျွမ်းကျွမ်းက မျှဝေလာခဲ့တာကြောင့် တွမ်ဟော်လန်ရဲ့စတန့်သမားလုပ်ခဲ့တာကို လူမှုကွန်ယက်အသုံးပြုသူတွေ သိသွားခဲ့တာပါ။ ဒီရုပ်ရှင်မှာ စတန့်လုပ်ခွင့်ရခဲ့တာက သူ့အတွက် နိုင်ငံတကာမှာ အကောင်းဆုံးအခိုက်အတန့်တွေထဲကတစ်ခုဖြစ်နိုင်ပါတယ်။ သူက အက်ရှင်ဇာတ်ကားတွေနဲ့ မစိမ်းပါဘူး။

ဝမ်ကျွမ်းကျွမ်းက တရုတ်ရုပ်ရှင်လောကမှာ နှစ်တော်တော်ကြာ စတန့်သမားအဖြစ် ရပ်တည်ခဲ့တာပါ။ သူက Raging Fire (2021)၊ Sakra (2023)၊ Panda Plan (2024)၊ Detective Chinatown 1900 (2025) အပါအဝင် နာမည်ကြီးရုပ်ရှင်တွေမှာ စတန့်သမားအဖြစ် ပါဝင်ခဲ့ပါတယ်။

Ref: Chinese Stuntman Who Doubled For Tom Holland In New Spider-Man Movie Has Fans Giving Them Matching Nicknames

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top