အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမြို့တောင်ပိုင်း မင်ယာဒေသမှာ တူးဖော်တွေ့ရှိခဲ့တဲ့ အီဂျစ်ရှေးဟောင်း သင်္ချိုင်းဂူ ၁၆ ခုကို ရှေးဟောင်း ပညာရှင်တွေက ပြသခဲ့ ပါတယ်။ အခု ပြသခဲ့တဲ့ ရှေးဟောင်းသင်္ချိုင်းဂူ တွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က ရှင်သန်ခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ထိပ်တန်းအရာရှိတွေကို မြှုပ်နှံထား တာ ဖြစ်ပါတယ်။ သင်္ချိုင်းဂူတွေထဲမှာ ကောင်းကင်နတ်ဘုရား ဟိုရက်စ်အတွက် ရည်ရွယ်ထားတဲ့ ကျောက်သားအခေါင်းတစ်ခု အပါအဝင် ကျောက်သားအခေါင်း ၂၀ ပါဝင်ပါတယ်။
သင်္ချိုင်းဂူတွေထဲမှာ ကျောက်မျက်ရတနာ အဆောင်ပစ္စည်း ၇၀၀ လောက်နဲ့ ရုပ်တုသောင်းချီ တွေ့ရပါတယ်။ ရုပ်တုတချို့ကတော့ ရွှေသားစစ်စစ်နဲ့ ပြုလုပ်ထား တာပါ။ မံမီရုပ်အလောင်းတွေရဲ့ ကိုယ်တွင်းကလီစာတွေ သိမ်းဆည်းဖို့ အသုံးပြုတဲ့ ထုံးကျောက်ခရားတွေကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။
Nz (ရိုးရာလေး)