သူ့ရဲ့အချစ်ဇာတ်လမ်းကို ကြေညာခဲ့တဲ့ သိမ်းငှက်သူရဲကောင်းဇာတ်ကောင်မင်းသား ဟွမ်ရှောင်မင်

20.9.2024-yyl-4.jpg

လူမှုကွန်ယက်အသုံးပြုသူတွေဟာ တရုတ်မင်းသားချော ဟွမ်ရှောင်မင်ရဲ့အချစ်ရေးကို နှစ်နှစ်ကျော်ခန့်မှန်းပြောဆိုခဲ့ပြီးနောက် သူကိုယ်တိုင်ပဲ အင်တာနက်ဆယ်လီ ယီခေးနဲ့အချစ်ဇာတ်လမ်းကို ကြေညာလိုက်ပါပြီ။ အသက် ၄၆ နှစ်အရွယ် ဟွမ်ရှောင်မင်က Weibo မှာ အသက် ၃၂ နှစ်အရွယ် သူ့ချစ်သူကောင်မလေးယီခေးကို Tag တွဲပြီးတော့ “Public ကို ချပြဖို့ အချိန်ယူခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။ လူတိုင်းခန့်မှန်းနေတာ မရှိတော့ပါဘူး။ ကျွန်တော်တို့တွေ အတူရှိနေကြပြီ”လို့ ရေးသားခဲ့တာပါ။ ယီခေးကလည်း အသည်းပုံအီမိုဂျီလေးနဲ့ ပြန်ပြီး တင်ထားပါတယ်။

ယီခေးဟာ စက်တင်ဘာ ၁၇ ရက်နေ့က သူ့ရဲ့ Douyin အကောင့်မှာ သစ်တော်သီးပုံစိန်လက်စွပ်ဓာတ်ပုံကို တင်ခဲ့တဲ့အချိန် ယွမ်ရှောင်မင်နဲ့ လက်ထပ်လိုက်ပြီးလို့ လူမှုကွန်ယက်အသုံးပြုသူတွေခန့်မှန်းပြီးတဲ့နောက် အခုလိုကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။

ရှောင်မင်ဟာ လွန်ခဲ့တဲ့ ၆ နှစ်က မင်းသမီးချောအိန်ဂျလာဘေဘီနဲ့လက်ထပ်ခဲ့ပြီး သားတစ်ယောက်ရကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကွာရှင်းခဲ့ကြတာပါ။ အဲ့ဒီနောက် ရှောင်မင်နဲ့ယီခေးတို့ တွဲနေတယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေကခန့်မှန်းပြောဆိုခဲ့ကြတာပါ။ သူတို့ရဲ့လက်ထပ်တဲ့ကောလဟာလကလည်း စက်တင်ဘာ ၁၈ ရက်နေ့မှာ Weibo Entertainment hot search ဇယားမှာ ထိပ်ဆုံးရောက်သွားခဲ့ပါတယ်။

ထိုင်ဝမ်သတင်းဌာန Next Apple က ကောလဟလနဲ့ပတ်သက်ပြီး ယွမ်ရှောင်မင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ “သူတို့လက်မထပ်ရသေးပါဘူး”လို့ သူက ဖြေကြားခဲ့ပါတယ်။ အဲ့သတင်းကြောင့် သူတို့တွေ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ ဆက်ဆံရေးကို ယွမ်ရှောင်မင်က ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ယွမ်ရှောင်မင်က သူ့ဇနီးဟောင်းနဲ့ ကွာရှင်းလိုက်ပြီလို့ ကြေညာခဲ့ပြီး တစ်လအကြာကတည်းက ယီခေးနဲ့ တွဲနေခဲ့ကြတာလို့ သတင်းထွက်ရှိထားပါတယ်။ ယီခေးကလည်း အိမ်ထောင်ကွဲ ကလေး ၂ ယောက်အမေဖြစ်တယ်လို့ သိရပါတယ်။

Ref: Huang Xiaoming announces romance with internet celebrity

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top