S အမှတ်အသားမပါတဲ့ ရှားပါးငွေဒင်္ဂါးတစ်ပြား ဒေါ်လာ ၅ သိန်းနဲ့ လေလံအောင်ဖွယ် ရှိနေ

9.9.2024-yyl-1.png

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်မှ ညီအစ်မသုံးဦး အမွေရခဲ့တဲ့ ရှားပါးငွေဒင်္ဂါးပြားဟာ အမေရိကန်ဒေါ်လာ ၅ သိန်းနဲ့ လေလံအောင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်ကတည်းက ဘဏ်တိုက် မြေအောက်ခန်းထဲမှာ သိမ်းဆည်းထားတဲ့ ဒီဒင်္ဂါးပြားက အဖိုးတန်မှန်း သိပေမဲ့ ဒီလောက်ထိ တန်ဖိုးကြီးလိမ့်မယ်လို့တော့ ညီအစ်မသုံးယောက်က မသိခဲ့ပါဘူး။

၁၉၇၅ ခုနှစ်က ဆန်ဖရန်စစ္စကိုမြို့မှ ငွေဒင်္ဂါးစက်ရုံမှာ ဒီဒင်္ဂါးပြားကို သွန်းလောင်းခဲ့တာဖြစ်ပြီး သမ္မတ(ဟောင်း) ဖရန်ကလင်ဒီရုစဗဲ့ပုံ ပါဝင်ပါတယ်။ အဲဒီအချိန်က ဆန်ဖရန်စစ္စကို ငွေဒင်္ဂါးစက်ရုံကနေ သွန်းလောင်းတဲ့ ဒင်္ဂါးပြားတွေမှာ S အမှတ်အသား ပါဝင်ပေမဲ့ ဒီဒင်္ဂါးပြားကတော့ S အမှတ်အသား မပါပါဘူး။ ဆန်ဖရန်စစ္စကို ငွေဒင်္ဂါးစက်ရုံက ထုတ်တဲ့ ဒင်္ဂါးပြားတွေထဲမှာ S အမှတ်အသားမပါတဲ့ ငွေဒင်္ဂါးပြား ၂ ပြားပဲရှိပြီး တစ်ပြားကတော့ ၂၀၁၉ ခုနှစ် လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၄၅၆၀၀၀ နဲ့ လေလံအောင်ခဲ့ပါတယ်။

ငွေဒင်္ဂါးပြား စုဆောင်းရတာကို ဝါသနာထုံသူတွေက S အမှတ်အသားမပါတဲ့ ငွေဒင်္ဂါးပြား ၂ ပြားရှိမှန်း သိပေမဲ့ ၁၉၇၀ နှောင်းပိုင်းအထိ ဒီငွေဒင်္ဂါးပြား ၂ ပြား ဘယ်ရောက်နေမှန်း မသိခဲ့ကြပါဘူး။

အစ်ကိုဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဒီငွေဒင်္ဂါးပြားကို အမွေဆက်ခံခွင့်ရခဲ့တဲ့ ညီအစ်မသုံးဦးကတော့ ရုတ်တရက် ငွေအများကြီးရမယ့်ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့အမည်တွေကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပါဘူး။

လာမယ့်ဗုဒ္ဒဟူးနေ့ကစပြီး ဖလော်ရီဒါပြည်နယ် တမ်ပါမြို့မှာ ကျင်းပမယ့် ငွေဒင်္ဂါးပြပွဲမှာ အဲဒီငွေဒင်္ဂါးကို ခင်းကျင်းပြသသွားမှာဖြစ်ပြီး လေလံပွဲကတော့ အောက်တိုဘာလနှောင်းပိုင်းကျမှ ပြီးဆုံးမှာဖြစ်ပါတယ်။

Ref: Huge payout expected for a rare coin an Ohio farm family bought and hid for decades
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top