မကောင်းတဲ့အလေ့အကျင့်တွေအတွက် ဓာတ်လိုက်သတိပေးမယ့်လျှပ်စစ်နာရီတွေ အရောင်းသွက်

d54c04f95d06dca7cf68083aee6d172d.png

မကောင်းတဲ့အလေ့အကျင့်တစ်ခုခုလုပ်မိတာနဲ့ ဓာတ်လိုက်သတိပေးမယ့် Pavlok Bracelet ဆိုတဲ့နာရီကို (၂၄၂) ဒေါ်လာ၊ မြန်မာငွေ (၄၀၀,၀၀၀) ဝန်းကျင်နဲ့ Amazon ကနေ စတင်ရောင်းချပေးနေပါပြီ။

ကိုယ်သတ်မှတ်ထားတဲ့ ပမာဏကိုကျော်လွန်သွားတာနဲ့ ၎င်းလက်ပတ်လေးကနေပြီး ဗို့အား (၃၅၀) ရှိတဲ့ လျှပ်စစ်လှိုင်းတစ်ခုကို လွှတ်ပေးလိုက်မှာပါ။ ဒါ့အပြင် ဒီလက်ပတ်နာရီလေးက လက်သည်းကိုက်တတ်သူတွေ၊ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ၊ အအိပ်မက်တဲ့သူတွေနဲ့ အင်တာနက် အလွန်အကျွံသုံးတတ်တဲ့သူတွေအတွက်လည်း အလုပ်ဖြစ်ပါတယ်။

လျှပ်စစ်လှိုင်းကို ကိုယ်တိုင်သတ်မှတ်နိုင်သလို သူငယ်ချင်းတွေ မိသားစုတွေကနေပြီးတော့လည်း ၎င်းပစ္စည်းရဲ့ App ကို ဒေါင်းလုပ်ဆွဲ ချိတ်ဆက်ပြီး ကိုယ်မဟုတ်တာတစ်ခုခုလုပ်နေတဲ့အချိန် ရှော့လှမ်းရိုက်လိုက်လို့ရပါတယ်။ အိပ်ချိန်မမှန်တာနဲ့ နောက်ကျမှထတဲ့သူတွေကို အာခေါင်ကွဲအောင်အော်နှိုးနေမယ့်အစား ဒီ App လေးနဲ့ ရှော့လှမ်းရိုက်လိုက်မယ်ဆို ပိုအဆင်ပြေပါတယ်။

ထုတ်လုပ်သူတွေကေ “ဒီလက်ပတ်လေးက သင်ရပ်ပစ်ချင်နေတဲ့ မကောင်းတဲ့အကျင့်တွေကို (၄-၅) ရက်အတွင်း သိသိသာသာ လျော့ကျသွားစေနိုင်ပါတယ်” လို့ဆိုပါတယ်။ အားသွင်းပြီးသုံးရတဲ့ လတ်ပတ်အမျိုးအစားဖြစ်ပြီး တစ်ခါအားအပြည့်သွင်းထားပြီးရင် အကြိမ် (၁၅၀) ရှော့ရိုက်လို့ရပါတယ်။ အားဘယ်လောက်ခံတယ် မခံဘူးဆိုတာက ကိုယ်ဘယ်လောက် လိမ္မာတယ်၊ မလိမ္မာဘူးဆိုတာပေါ်မူတည်ပြီး ကွဲသွားပါလိမ့်မယ်။

ဗို့အား (၃၅၀) ဆိုတာ အရမ်းကြီးပြင်းတဲ့ ဗို့အားပမာဏတော့မဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်ရှိနေတဲ့ အရာဝတ္ထုတစ်ခုကိုကိုင်မိလို့ အနည်းငယ်လောက် ကျင်တက်သွားသလောက်ပဲရှိပါတယ်။ ဒီလက်ပတ်လေးကို သုံးဖူးတဲ့သူတွေရဲ့ မှတ်ချက်တွေအရတော့ အကောင်းနဲ့အဆိုး ရောထွေးနေပါတယ်။ ရိုးရာလေးပရိတ်သတ်ကြီးရော မကောင်းတဲ့အကျင့်တွေကို မြန်မြန်ဆန်ဆန်ရပ်တန့်နိုင်အောင် ဒီလိုပစ္စည်းမျိုးကို သုံးကြည့်ဖို့ အသင့်ဖြစ်နေပြီလား။

Ref : Dailymail “Amazon is selling a bracelet that gives you an electric SHOCK when you eat too much fast food, bite your nails or spend too much time on the internet”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top