တရွာသားနဲ့ ချိန်းတွေ့ဖို့ တစ်ရွာလုံးကို ညတိုင်း မီးဖြတ်တဲ့ မိန်းကလေး

26.7.23-yyl-4.jpg

ပရီတိကုမ္မာရီဆိုတဲ့ အိန္ဒိယသူလေးက တရွာသားနဲ့ ချစ်သူဖြစ်တယ်။ ခက်တာက သူတို့ရွာ ၂ ရွာ မတည့်ကြဘူး။ သူ့ရွာ၊ ကိုယ့်ရွာ နယ်ကျော်လာတာနဲ့ ရိုက်ဟယ်၊ နှက်ဟယ် ဖြစ်ကြစမြဲ။ ဒီတော့ ပရီတိက သူ့ချစ်သူကောင်လေးနဲ့ ချိန်းတွေ့ဖို့ နည်းလမ်းရှာရတယ်။ သူတို့ ချိန်းတွေ့တာကို ဘယ်သူမှ မသိအောင် ညဘက်ရောက်တိုင်း သူ့ရွာ တစ်ရွာလုံးကို မီးဖြတ်တယ်။

ညတိုင်း မီးပျက်နေတော့ ရွာမှာ သူခိုး ထပါလေရော။ သူခိုးထတာ များတော့ ရွာခံတွေက လျှပ်စစ်ကုမ္ပဏီကို စောဒက တက်တယ်။ ဘာကြောင့် ညတိုင်း မီးပြတ်တာလဲ။ လျှပ်စစ်ကုမ္ပဏီက စစ်ဆေးကြည့်တော့လည်း ကျေးရွာ လျှပ်စစ်လိုင်းမှာ ဘာပြစ်ချက်မှ မတွေ့ဘူး။ အကြောင်းရင်း သိအောင် စောင့်ဖမ်းတော့မှ ပရီတိက အမှောင်ထဲမှာ တရွာသားနဲ့ ချိန်းတွေ့တာကို မိသွားတယ်။

ပရီတိရွာသားတွေက သူ့ချစ်သူကို ထိုးမယ်၊ ကြိတ်မယ် တကဲကဲ လုပ်နေတုန်း ပရီတိက ရှေ့က ကာကွယ်တားဆီးပေးတဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းမှာ ပျံ့သွားတယ်။ သူ့ချစ်သူနဲ့ လူမသိအောင် ချိန်းတွေ့ဖို့ ညတိုင်း မီးဖြတ်တာလို့လည်း ပရီတိက ဝန်ခံတယ်။ ဒါနဲ့ ကျေးရွာလူကြီးတွေ တိုင်ပင်ပြီး ပရီတိတို့ စုံတွဲကို ဘုရားကျောင်းမှာ လက်ထပ်ပေးလိုက်တယ်။ ဒီဖြစ်ရပ်က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

Ref: Girl Keeps Cutting Power in Her Home Village to Meet Lover under Cover of Darkness

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top