သမီးဖြစ်သူရဲ့ကင်ဆာရောဂါကုသမှုအတွက် ငွေကြေးအများကြီးအကုန်ခံခဲ့ရတဲ့ အမျိုးသမီး ဒေါ်လာ ၂ သန်းဆုကြီး ပေါက်ခဲ့

11.4.2023-yyl-iamge-28.jpg

သမီးဖြစ်သူ ရင်သားကင်ဆာရောဂါပျောက်ကင်းဖို့အတွက် ငွေကြေးအများကြီးအကုန်ခံပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ဒေါ်လာ ၂ သန်း ထီဆုကြီးပေါက်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ လိက်လန်းမြို့က ဂဲရယ်ဒင် ဂင်ဘလက်ဆိုတဲ့ အဲဒီအမျိုးသမီးက သမီးဖြစ်သူ ကင်ဆာရောဂါနောက်ဆုံးကုသမှုခံယူခဲ့ပြီး နောက်တစ်နေ့မှာ ဒီပေါက်မဲထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။

ဒေါ်လာ ၁၀ တန် ခဲခြစ်ထီလက်မှတ်ကံစမ်းတာက သူ့အကြိုက်ဆုံးဂိမ်းပါပဲ။ ဆီဆိုင်တစ်ခုကနေ နောက်ဆုံးကျန်တဲ့ ဒေါ်လာ ၁၀ တန် ခဲခြစ်ထီလက်မှတ်ကို သူ ဝယ်ယူခဲ့တာပါ။ ဒေါ်လာ ၂ သန်း ပေါက်တယ်ဆိုတာ သူ သိလိုက်ရတဲ့အခါမှာ သူ အရမ်းဝမ်းသာသွားခဲ့တာပါ။ ဂဲရယ်ဒင်က ထီဆုငွေကို တစ်လုံးတစ်ခဲတည်းယူတဲ့အတွက် ဒေါ်လာ ၁.၆ သန်းကျော်ပဲ ရရှိခဲ့သွားခဲ့ပါတယ်။

ထီရုံးချုပ်မှာ ဆုငွေကို သွားထုတ်တဲ့အချိန် သူ့သမီးပါ ရှိနေခဲ့ပါတယ်။ အမည်မဖော်လိုသူ သူ့သမီးကလည်း ကင်ဆာရောဂါတွန်းလှန်နေခဲ့ရချိန်မှာ ငွေအများကြီးအကုန်ခံပြီး အမေဖြစ်သူ ဂရုစိုက်ပံ့ပိုးပေးခဲ့တာတွေအတွက် ကျေးဇူးတင်လို့မဆုံးဖြစ်ကြောင်း၊ အခုလို သူ့အမေ ထီပေါက်သွားခဲ့တဲ့အတွက် အရမ်းပျော်ရွှင်ရကြောင်း ပြောပါတယ်။

Ref: Mom who spent life savings to help daughter fight cancer wins $2 million jackpot

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top