၆ မိနစ်နီးပါးကြာ ပါးစပ်ထဲကနေ ရေ ဆက်တိုက်လွှတ်ထုတ်ပြခဲ့ပြီး ဂင်းနက်စ်စံချိန်သစ် တင်

29.3.24-yyl-2.jpg

တရုတ်အမျိုးသားတစ်ဦးဟာ ပါးစပ်ထဲကနေ ၆ မိနစ်နီးပါးကြာ ရေကို ဆက်တိုက် လွှတ်ထုတ်ပြနိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ ပါးစပ်ထဲကနေ ရေ ပန်းထုတ်ပြနိုင်တာ ၁၇ ရာစုကတည်းက ခေတ်စားလာတဲ့ လှည့်ကွက်တစ်ခုဖြစ်ပါတယ်။ ရေအများကြီး သောက်ထားပြီး ကြွက်သားထိန်းချုပ်မှုနဲ့အတူ ပါးစပ်ထဲကနေ ရေကို ပန်းထုတ်ပြတာပါ။ ဒါပေမဲ့ လူတိုင်း လုပ်နိုင်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။

အသက် ၃၅ နှစ်အရွယ်ရှိတဲ့ မာဟွေဟာ ၅ မိနစ်၊ ၅၁.၈၈ စက္ကန့်ကြာအောင် ပါးစပ်ထဲကနေ ရေ ပန်းထုတ်နိုင်ခဲ့တာပါ။ မာဟွေဟာ ရေ ၄.၅ လီတာ သောက်ခဲ့ပြီး ပါးစပ်ထဲကနေ တဖြည်းဖြည်းချင်း ရေကို ပြန်ထုတ်ပြခဲ့တာပါ။

မာဟွေဟာ ယခင်စံချိန်ဟောင်းထက် ၅ မိနစ်နီးပါး အသာစီးယူပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်စံချိန်ဟောင်းကတော့ အီသီယိုးပီးယားနိုင်ငံသား ကီရူဘယ်ယီမာဖြစ်ပြီး ၅၆.၃၆ စက္ကန့်ကြာ ပါးစပ်ထဲကနေ ရေ ပန်းထုတ်နိုင်ခဲ့တာပါ။

Ref: Human Fountain Sprouts Water from His Mouth Continuously for Six Minutes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top