မြန်မာနိုင်ငံရှိ စီးပွားရေး ဦးဆောင်မှုများ၊ လုပ်ငန်းဆိုင်ရာ ထင်မြင်တွေးခေါ်မှု အသိပညာများကို လေ့လာနိုင်မည့် Digital Platform Micrositeကို Dai-ichi Life Insurance Myanmar မှ စတင်မိတ်ဆက်

Kataru-Press-Photo.jpg

ဂျပန်နိုင်ငံ၏ ထိပ်တန်း အသက်အာမခံလုပ်ငန်း Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life Insurance Myanmar”) သည် စီးပွားရေးလုပ်ငန်း အသိပညာများကို လေ့လာနိုင်သည့် 語る(KATARU) အမည်ရ ဒစ်ဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ် (Digital Platform Microsite) တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ မိုက်ခရိုဆိုဒ် (Microsite) သည် ပြည်တွင်းရှိ လူ့အဖွဲ့အစည်း၊ လုပ်ငန်းရှင်ဖြစ်လိုသူများ၊ အာမခံကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် မန်နေဂျာများအတွက် စီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍဆိုင်ရာ အတွက် အကျိုးရှိစေမည့် ထင်မြင်သုံးသပ်ချက်များကို အဓိကဖော်ပြပေးထားသည့် နေရာ တစ်ခုဖြစ်ပြီး ထိုကဲ့သို့သော ဒစ်ဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ် (Digital Platform Microsite) သည် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍအတွက် ပထမဆုံးဖြစ်ပါသည်။

Kataru (語る) သည် စီးပွားရေးလုပ်ဆောင်ချက်များတွင် အသုံးပြုသည့် ဝေါဟာရတစ်ခုဖြစ်ကာ လေးနက်ပြီး မိမိယုံကြည်သော အချက်ကို သေချာနက်ရှိုင်းစွာ ဆွေးနွေးပြောဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထိုဝေါဟာရသည် အာမခံလုပ်ငန်းကဏ္ဍအတွက် ကောင်းမွန်သော ထင်မြင်ယူဆချက်များ ရှိလာစေလိုသည့် ကုမ္ပဏီ၏ စိတ်အားထက်သန်မှုကို ထင်ဟပ်စေကာ ဖတ်ရှုသူများအနေဖြင့်လည်း မိမိထင်မြင်ယူဆချက်များအပေါ် ပြန်လည်သုံးသပ်စေပြီး အတွေးအမြင်အသစ်များကိုလည်း ရရှိနိုင်စေမှာဖြစ်ပါသည်။

Dai-ichi Life Insurance Myanmar ၏ ခံယူချက်ဖြစ်သည့် ‘People First’ နှင့်အညီ ထို မိုက်ခရိုဆိုဒ် (Microsite) ကို လူတိုင်းဖတ်ရှုရ အဆင်ပြေစေရန် အင်္ဂလိပ်၊ မြန်မာဘာသာ နှစ်မျိုးလုံးဖြင့် ရေးသားဖော်ပြထားပါသည်။ အာမခံလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်း၊ အရောင်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုတို့ကို ဒေသတစ်ဝန်းတွင် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော ဝါရင့်အတွေ့အကြုံများရှိသူ Dai-ichi Life Insurance Myanmar ၏ အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှ ရေးသားထားသည့် ဆောင်းပါးများကိုလည်း အဆိုပါ မိုက်ခရိုဆိုဒ် (Microsite)တွင် ဖတ်ရှုနိုင်မှာဖြစ်ပါသည်။

စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းဆိုင်ရာအတွေ့အကြုံများစွာကို ရေးသားဖော်ပြထားမှာဖြစ်သည့်အတွက် ခံယူချက် တွေးခေါ်မှုများ၊ အကြံဉာဏ်ကောင်းများ နှင့် အနာဂတ်မျှော်မှန်းချက်များ အကြောင်းအရာများကို ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ COVID-19 နှင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍကို အခြေအနေ၊ လူတိုင်းပါဝင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းခွင်၏ အရေးပါပုံ၊ ဂျပန်လူမျိုးများ၏ ခံယူချက်တန်ဖိုးများကို မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်တွင် ကျင့်သုံးနေပုံနှင့် အခြားအကြောင်းအရာများကို ဖတ်ရှုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါသည်။

Kataru (語る) မိုက်ခရိုဆိုဒ် (Microsite) ကို ဖော်ပြပါ လင့်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://kataru.dai-ichi-life.com.mm/

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top