ကမ္ဘာ့တစ်ဝှမ်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၄ သန်းရှိသွားပြီလို့ WHO ပြောကြား

7-7-2021-yyl-19.jpg

ကမ္ဘာ့တစ်ဝှမ်းမှာ COVID-19 ကြောင့် သေဆုံးသူဉီးရေ ၄ သန်းနဲ့ စံချိန်တင်သွားခဲ့ပြီလို့ WHO က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ကပ်ရောဂါကြောင့် အမှန်တကယ်သေဆုံးဉီးရေက သေချာပေါက် ပိုများနိုင်တယ်လို့လည်းဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀၁၉ခုနှစ်က တရုတ်မှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းကစပြီး ၁၈ လကျော်မှာ ဒီစံချိန်ထိ ရောက်ရှိသွားခဲ့တယ်လို့ WHO ရဲ့ညွှန်ကြားရေးမှူးချုပ် တက်ရိုစ်အက်ဒ်ဟာနို ဂီဘရီရက်စ် (Tedros Adhanom) က ကြေညာခဲ့ပါတယ်။

“ကမ္ဘာကြီးက ဒီကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို တော်တော်လေးရင်ဆိုင်နေရပါပြီ။ COVID-19ကြောင့် သေဆုံးသူ ၄ သန်း ရှိသွားတယ်လို့ မှတ်တမ်းရှိနေပါတယ်။ ဒီပမာဏကို လျော့တွက်လို့မရပါဘူး” လို့ တက်ရိုစ်က ဂျီနီဗာမြို့ရှိ WHO ဌာနချုပ်ရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေးထိုးခံမှုနှုန်းမြင့်မားတဲ့ နိုင်ငံအချို့က အခုဆိုရင် ကူးစက်ပျံ့နှံ့မှုလျော့နည်းသွားတဲ့အတွက် ပြည်သူ့ကျန်းမာရေးစည်းမျဉ်းတွေ ဖြေလျော့ပေးတာတွေ၊ ကာကွယ်ဆေးတိုးမြှင့်တိုးနှံဖို့ စီစဉ်နေတယ်လို့လည်း တက်ရိုစ်က ဆိုပါတယ်။ ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံတော်တော်များများကတော့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲနဲ့ ကာကွယ်ဆေးမရတာတွေကြောင့် ရောဂါကူးစက်ခံရသူဉီးရေ၊ ဆေးရုံတက်ရတဲ့ဉီးရေက သိသိသာသာမြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖရိက၊ အာရှနဲ့လက်တင်အမေရိက ဒေသတွေမှာ အောက်စီဂျင်ပြတ်လပ်မှု၊ ဆေးကုသမှုလျော့နည်းတာတွေကြောင့် သေဆုံးမှုများစွာဖြစ်ပေါ်နေတယ်လို့လည်း သူက ဆိုပါတယ်။

လက်တဆုပ်စာရှိတဲ့နိုင်ငံတွေက ကာကွယ်ဆေးကို မျှဝေသုံးစွဲနေကြရပြီး ဒီလိုကပ်ရောဂါအခြေအနေမှာ ကျန်းမာရေးနဲ့စောင့်ရှောက်ရေးအလုပ်သမားတွေ ကာကွယ်ဆေးမထိုးနှံရသေးဘူးဆိုတဲ့အချက်က စက်ဆုပ်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ရနိုင်တဲ့ကာကွယ်ဆေးတွေကို မျှတမှုမရှိစွာ ဖြန့်ဖြူးမှုကြောင့် ကိုဗစ်မျိုးကွဲတွေက ကာကွယ်ဆေးတွေထက် သာလွန်နေပြီး အဲဒါက COVID-19 အကြပ်အတည်းကနေ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြန်ကောင်းလာဖို့ကို ခြိမ်းခြောက်နေခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အကျင့်သိက္ခာရှိရှိနဲ့ ကမ္ဘာကြီးအတွက် ဒီကပ်ရောဂါကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့ အချိန်ရောက်နေပြီလို့ တက်ရိုစ်က ပြောပါတယ်။

Ref: CBSNews “WHO blasts abhorrent “vaccine nationalism” as global COVID death toll passes 4 million”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top