သြဂုတ်လအတွင်း realme က Real Hope အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဝါတွင်းကာလ ဒါနအလှူများ ပြုလုပ်

1.9.23-yyl-11.jpg

realme Myanmar က Real Hope အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ယခုလိုဝါတွင်းကာလတွင် သံဃာတော်များနှင့်တကွ အခြားသောလိုအပ်သည့်နေရာများတွင် အပတ်စဉ်လှူဒါန်းမှုများကို ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် သြဂုတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံနှင့် မင်္ဂလာဒုံမြို့ နယ်ရှိ မြရောင်ခြည် သီလရှင်စာသင်တိုက်များသို့ ဆွမ်းပဒေသာပင်နှင့် အခြားသောလှူဖွယ်ဝတ္ထုများကို မီဒီယာများ၊ realme Fanများနှင့်အတူ သွားရောက်လှူဒါန်းဖြစ်ခဲ့သည်။
လှူဒါန်းငွေပမာဏအားဖြင့် ဇီဝိတဒါန သံဃာ့ဆေးရုံအတွက် ငွေဆယ်သိန်းကျပ်နှင့် မြရောင်ခြည် သီလရှင်စာသင်တိုက်အတွက် ငွေဆယ်သိန်းကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

သြဂုတ်လအတွက် ပထမဆုံးအလှူအဖြစ် ဇီဝိတဒါနသံဃာ့ဆေးရုံသို့ ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းခြင်းမှာ ဆေးရုံတွင်တက်ရောက်၍ ဆေးကုသမှုခံယူနေကြသည့် ဘုရားအမှူးရှိသံဃာတော်များ ဆွမ်းကိစ္စများလုံ လောက်ပြည့်စုံစေရန်နှင့် ယခုကဲ့သို့ ဝါတွင်းကာလအချိန်မျိုးတွင် ကာလဒါနမျိုးစေ့ကိုပါ realme မိသားစုနှင့်အတူ realme အားပေးသူများ ပါဝင်ကုသိုလ်ယူနိုင်စေရန်အတွက်ပါ ရည်ရွယ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

မူလ အစသံဃာ့ဆေးရုံကြီးကို ၁၉၄၀ခုနှစ်၊ မေလ ၈ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အချိန်ကာလရွေ့ လျားမှုနှင့်အတူ အဆင့်ဆင့်ပြောင်းလဲကာ နောက်ဆုံး ၁၉၅၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ယနေ့ခေတ် တွင်မြင်တွေ့နေကြရသည့် တည်နေရာတွင်အခြေပြုကာ သံဃာတော်များအတွက် အခမဲ့ဆေးကုသခြင်းများ ကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပေးလျက်ရှိသလို “ဇီဝိတဒါနသံဃာ့ဆေးရုံ” အမည်ကိုလည်း ၁၉၇၂ခုနှစ်၊ မတ်လ ၃၀ရက်မှစတင်ကာ ပြောင်းလဲခေါ်တွင်စေခဲ့ခြင်းဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးမြို့သစ်ရှိ မြရောင်ခြည်သီလရှင်စာသင်တိုက်သို့ လိုအပ်သည့်ဆန်၊ ဆီနှင့် အခြားလိုအပ်ချက်များအတွက်အသုံးပြုနိုင်ရန် ဝတ္ထုငွေအဖြစ် ငွေဆယ်သိန်းကျပ်ကို လှူဒါန်းဖြစ်ခဲ့ပြီး အဆိုပါ သီလရှင်ကျောင်းတွင် ကျောင်းထိုင်သီလရှင်ဆရာကြီး ဒေါ်ဓမ္မဒိန္နာက ဦးဆောင်ခန့်ခွဲကာ ကျောင်းရှိသီလရှင် ၂၈ပါးနှင့်အတူ စာသင်တိုက်သွား သီလရှင် အပါး ၄၀ တို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ထားဝယ်တိုင်းရင်သူတစ်ဦးဖြစ်သည့် ဒေါ်ဓမ္မဒိန္နာမှာ အသက်၁၃နှစ်အရွယ်ကတည်းက အဆိုပါကျောင်းတိုက်သို့ရောက်လာခဲ့ပြီး သီလရှင်အဖြစ်ဝတ်ဖြစ်ရာမှ ယခု အသက်၄ဝ ကျော် အရွယ်အထိ ဆက်လက်မြဲမြံကာ ပရိယတ္တိ၊ ပတိပတ္တိများကိုလေ့လာကျင့်ကြံလျက် နောင်မျိုးဆက်သီလရှင်များကိုပါ နည်း ပေးလမ်းပြလုပ်ဆောင်ပေးလျက်ရှိသည်။

ဆရာလေး ဒေါ်ဓမ္မဒိန္နာမှာ နဂိုကတည်းက ထားဝယ်တိုင်းရင်းသူတစ်ဦးဖြစ်သည့်အချက်ကြောင့် အများနှင့်စကားပြောဆိုရာတွင် အခက်အခဲများစွာကြုံတွေ့ခဲ့ရသလို ဓမ္မာစရိယစာသင်စာချဘွဲ့အောင်မြင်အောင် နှစ်ပေါင်းများစွာကြိုးစားခဲ့ရခြင်းဖြစ်သည်။ မူလအခံစိတ်ဓာတ်အရ ကျောင်းရှိလိုအပ်ချက်များအတွက် အများသို့တောင်းဆိုအလှူခံခြင်းများ မပြုလုပ်တတ်ဘဲ ဆက်စပ်၍ လာရောက်လှူဒါန်းမှုများကိုသာ လက်ခံခြင်းဖြစ်သည်။

သီလရှင်တိုက်တွင် ဆွမ်း၊ ကွမ်းကိစ္စခက်ခဲ့လာပါက မိမိဇာတိရပ်ရွာရှိ အမျိုးဒါယကာ၊ ဒါယိကာမတို့ကိုသာ အကျိုးအကြောင်းပြောပြပြီး အလှူခံခြင်းမျိုးသာရှိ ခဲ့သည်။ ယခုကျောင်းတိုက်အဆောင်သစ်မှာ ဘုရားကျောင်းဆောင်အဖြစ် တိုးချဲ့ဆောက်လုပ်ခဲ့သော်လည်း အကြမ်းထည်အဖြစ်သာ အချိန်ကာလတော်တော်ကြာသည်အထိရှိခဲ့ပြီး တဖြည်းဖြည်းကြိုးစားစုဆောင်း ရရှိလာသည့် အလှူငွေလေးများဖြင့် အချောထည်အဖြစ် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလတွင်လည်း realme က နောက်ထပ်လှူဒါန်းရန် နေရာသစ်များအတွက် ဆက်လက်စီစဉ် လှူဒါန်းသွားဦးမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top