လက်ဘနွန်နိုင်ငံမှာ ငွေတန်ဖိုး ထိုးကျလို့ လူရာချီ လမ်းပေါ် ထွက်ဆန္ဒပြ

12-6-2020-yyl-045.jpg

လက်ဘနွန်နိုင်ငံသုံး ပေါင်ငွေတန်ဖိုး ထိုးကျခဲ့ပြီးနောက် မြို့တော်တော်များများမှာ လူရာပေါင်းများစွာက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ လက်ဘနွန်နိုင်ငံသုံး ပေါင်ငွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ နောက်ပိုင်း စံချိန်တင်တန်ဖိုးကျဆင်းမှုအဖြစ် တန်ဖိုး ၇၀ ရာခိုင်နှုန်းကျဆင်းခဲ့လို့ ပြည်သူလူထုက ဒေါသထွက်ခဲ့ပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ်က စီးပွားရေးအကျပ်အတည်းကို ဆွေးနွေးဖို့ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

လူနေမှုစရိတ် ကြီးမြင့်မှုကို မကျေနပ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရေး ပိတ်ဆို့မှုတွေကြောင့် ရပ်တန့်သွားခဲ့ပေမဲ့ အခုအခါမှာတော့ တစ်ကျော့ပြန် အားကောင်းလာပါပြီ။ လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့နဲ့ တခြားမြို့တွေမှာ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ပြီး ကားတာယာတွေ၊ အမှိုက်ပုံးတွေကို မီးရှို့ခဲ့ကြပါတယ်။ လက်ဘနွန်နိုင်ငံမြောက်ပိုင်း ထရီပိုလီမြို့မှာတော့ ဆန္ဒပြသူတွေက ဘဏ်တွေထဲကို မီးလောင်ဗုံးတွေ ပစ်သွင်းခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံသုံး ပေါင်ငွေတန်ဖိုး ထိုးကျခဲ့လို့ ငွေသားစုဆောင်းထားတဲ့ လက်ဘနွန်နိုင်ငံသား တော်တော်များများ ဆင်းရဲသွားခဲ့ပြီး ကပ်ဘေးဆိုက်နေတဲ့အချိန်ကာလဖြစ်လို့ သူတို့ရင်ဆိုင်ခံစားရတဲ့ ဒုက္ခကို ပိုဆိုးရွားစေခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top