အသက် ၁၀၈ နှစ်အရွယ် အဘွားအိုတစ်ဦး COVID-19 ရောဂါကနေ ပြန်သက်သာလာ

15-5-2020-yyl-028.jpg

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၀၈ နှစ်အရွယ် အဘွားအို ဂိုးရှိုးဟာ ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကိုလည်း အောင်နိုင်ခဲ့ပါပြီ။ နယူးဂျာစီပြည်နယ်၊ အလင်ဒဲလ်မြို့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်တဲ့ ဂိုးရှိုးဟာ ပြီးခဲ့တဲ့လက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပေမဲ့ ရောဂါသက်သာ ပျောက်ကင်းခဲ့ပါပြီ။

သူဟာ နယူးဂျာစီပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်သက်သာလာသူတွေထဲမှာ အသက်အကြီးဆုံးပါပဲ။ ဂိုးရှိုးဟာ ကမ္ဘာတစ်ဝန်းက လူသန်း ၅၀ သေဆုံးခဲ့ရတဲ့ ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါ ဖြစ်ပွားချိန်တုန်းက အသက် ၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ” ငါ အသက်ရှင်သန်ရမယ်လို့ သန္နိဋ္ဌာန်ချထားလို့ ကြုံသမျှဘေးအားလုံးကနေ အသက်ရှင်လွတ်မြောက်ခဲ့တာပါ”လို့ ဂိုးရှိုးက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top