သဘာဝဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီး ဆေးလိပ်ဖြတ်ခြင်း

quit-smoking-concept-PQYVTRK-e1563884354411.jpg

ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စသောက်ပြီး အရွယ်ရောက်တဲ့အခါမှာလည်း ဆေးလိပ်သောက်သုံးမြဲ သောက်သုံးနေမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဆေးလိပ်သောက်သုံးမှုရဲ့ အန္တရာယ်က တော်တော်ကို ဆိုးရွားလွန်းလှပါတယ်။

ဆေးလိပ်သောက်သုံးမှုက မျိုးပွားအင်္ဂါဆီကို သွေးထောက်ပံ့ပေးတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုးရောဂါကို ခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးမှုက အမျိုးသမီးတွေရဲ့ မျက်နှာပေါ်က ဆံချည်မျှင် သွေးကြောလေးတွေကို ပျက်စီးစေတာကြောင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေရဲ့ မျက်နှာမှာ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေထက် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်ပေါ်တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာလည်း အရွယ်မတိုင်ခင် မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်မသောက်သင့်တာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေကို အဓိကထား ဖော်ပြထားတဲ့ အချက်များစွာကို တွေ့ရပါတယ်။

ဆေးလိပ်ဖြတ်ရာမှာ အထောက်အကူဖြစ်စေမယ့် သဘာဝ ဆေးဖက်ဝင် အပင်အချို့ကို ပြောပြချင်ပါတယ်။

နွယ်ချို (Liquorice)

နွယ်ချိုဟာ ဆေးလိပ်မသောက်အောင် တားဆီးပေးနိုင်တဲ့ ဆေးဖက်ဝင် အပင် တစ်မျိုးလို့ ယူဆကြပါတယ်။ နွယ်ချိုက လူတွေရဲ့ အကျင့်ဆိုးကို ဖျောက်ဖျက်ပစ်တဲ့အခါ အထောက်အကူပြုတယ်ဆိုတဲ့ အကြောင်းအရာတွေ အများအပြားရှိပါတယ်။

ဘယ်လိုအကျိုးဖြစ်ထွန်းစေသလဲ။

နွယ်ချိုက ဆေးပြင်းလိပ်နဲ့ ခပ်ဆင်ဆင် ဆင်တူပါတယ်။ သင့်အနေနဲ့ နွယ်ချိုတစ်ချောင်းကို လက်ထဲမှာ ကိုင်ထားပြီး စီးကရက် သောက်ချင်လာတဲ့အခါတိုင်း နွယ်ချိုရဲ့ အရသာကို ခံစားကြည့်ပါ။ နွယ်ချို စားသုံးပေးတာက စီးကရက်စွဲနေသူတွေမှာ ဆေးလိပ်သောက်သုံးချင်တဲ့ အာသီသကို ပြေပျောက်စေအောင် လုပ်ဆောင်ရာမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

သိထားသင့်တာတစ်ခုက နွယ်ချိုနဲ့ နွယ်ချိုကနေရရှိတဲ့ အဆီအနှစ်ကို တော်သင့်ရုံ ပမာဏ အသုံးပြုတာက ဘေးကင်းတယ်ဆိုတာပဲ ဖြစ်ပါတယ်။ နွယ်ချိုကို ပုံမှန် အသုံးပြုသင့်တဲ့ ပမာဏက တစ်နေ့ကို လက်ဖက်ရည်ခွက် (၃) ခွက် လောက်အထိ သောက်တဲ့ပမာဏနဲ့ ညီမျှပါတယ်။ ရေရှည် (၆ ပတ်ထက်ပိုပြီး) အသုံးပြုမယ်ဆိုရင်ပဲဖြစ်ဖြစ် ပမာဏများစွာ သောက်သုံးရင်ပဲဖြစ်ဖြစ် ခေါင်းကိုက်တာ၊ လေးလံ ထိုင်းမှိုင်းတာ၊ ဆိုဒီယမ်နဲ့ ရေဓာတ် ကုန်ခမ်းတာ၊ ပိုက်ဆီယမ် ဆုံးရှုံးမှုများတာနဲ့ သွေးတိုးတာမျိုး ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။

Red clover (Trifolium pratense)

Red clover ဟာ ကင်ဆာ ကာကွယ်နိုင်တယ်လို့ ရှေးယခင်ကတည်းက သတင်းကြီးပါတယ်။ ကင်ဆာဝေဒနာမှာ အကျိတ်တွေ ကြီးထွားဖို့အတွက် သွေးထောက်ပံ့မှု ရရှိဖို့ လိုအပ်ပါတယ်။ သူတို့က ဇီဝဓာတုပစ္စည်းများ ထုတ်လွှတ်ပြီး ကင်ဆာဆဲလ်များကို ထောက်ပံ့ပေးသော သွေးကြောသစ်များ ဖြစ်ပွားမှုကို တားဆီးပါတယ်။

ကင်ဆာသုတေသနများတွင် သွေးကြောသစ်များ တည်ဆောက်ခြင်းကို တားဆီးပြီး ကင်ဆာဆဲလ်များ သေဆုံးအောင် ရည်ရွယ်သော ဓာတုပစ္စည်းများကို ဖော်ထုတ်ဖို့ ကြိုးစားလာကြပါတယ်။ ထိုအထဲတွင် red clover တွင် ပါဝင်သော ဒြပ်ပစ္စည်းတစ်ခုဖြစ်သော သွေးကြောသစ် ဖွဲ့စည်းမှုကို ဆန့်ကျင်သော genistein ပါဝင်ပါတယ်။

ဆေးလိပ်ဖြတ်ထားသူများသည် လတ်ဆတ်သော red clover အပွင့်များ (သို့) genistein ပါဝင်သော အခြားစားလို့ရသော ဆေးဖက်ဝင်အပင်များ (မြေပဲ၊ ပဲပိစပ်)ကို အရွက်သုပ်ထဲတွင် ထည့်စားနိုင်ပါတယ်။ အဲဒီ အစားအစာများက ဆေးလိပ်သောက်နေသူများ၊ ဆေးလိပ်ဖြတ်ထားသူများ၏ စိတ်အာသီသကို ကျေနပ်မှုရစေပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုအစားအသောက်ထဲတွင် ပါဝင်သော genistein သည် အစပျိုးနေသော ကင်ဆာအကျိတ်များကို တိုက်ထုတ်ပေးပါတယ်။

သင့်မှာ ဆေးလိပ်ဖြတ်ဖို့ လွန်စွာခက်ခဲနေရင် red clover လက်ဖက်ရည် သောက်တာလိုမျိုး အခြား အလေ့အကျင့်ကောင်းတစ်ခုကို ပြောင်းလဲ ပျိုးထောင်ပေးလို့ရပါတယ်။

မုန်လာဥနီ (Carrot)

ကျွန်တော်တို့ အခုနောက်ပိုင်း အကျွမ်းတဝင်ဖြစ်လာတဲ့ ကာရိုတီးနွိုက်ဓာတ် (Carotenoids) က ဗီတာမင်အေနဲ့ ဆက်စပ်နေတဲ့ ဓာတုဓာတ်တစ်မျိုးက မုန်လာဥနီရဲ့ လိမ္မော်ရောင်ကို ဖြစ်စေပါတယ်။ အဲဒီဓာတ်က ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ကာရိုတီးနွိုက်ဓာတ်ကို ဆေးတောင့်တွေ သောက်သုံးတာထက် မုန်လာဥနီနဲ့ အခြား အစားအသောက်တွေကနေ ပိုမိုရရှိပါတယ်။

စီးကရက်ကသာ ကင်ဆာဖြစ်စေတဲ့အရာဆိုရင် မုန်လာဥနီက ကင်ဆာ ကာကွယ် တိုက်ဖျက်ပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ အခြား သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ကာရိုတီးနွိုက်ဓာတ် ပါဝင်ပါတယ်။ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးပါက အဆုတ်ကင်ဆာလိုမျိုး ကြီးမားတဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ဆေးလိပ်မဖြတ်လိုက်ဘူးဆိုရင်တောင်မှ မုန်လာဥနီကို စားသုံးပေးသင့်ပါတယ်။

တောင်ကြီးပဲ (Velvet Bean)

တောင်ကြီးပဲမှာ L-dopa ပါဝင်ပြီး ဦးနှောက်ထဲရောက်သောအခါ အဲဒီဓါတ်သည် dopamine အဖြစ်သို့ပြောင်းလဲပါတယ်။ တောင်ကြီးပဲက နီကိုတင်း အာသီသ ဖြစ်မှုကိုလျော့ပါးအောင် အကူအညီပေးပါတယ်။ အီတလီက သိပ္ပံပညာရှင်တွေက ဦးနှောက်ထဲမှာရှိတဲ့ စိတ်ခံစားမှုကို အဓိကထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းကို ဒိုပါမင်းက သက်ရောက်မှုရှိတာကို တွေ့ရှိရပါတယ်။ ဒိုပါမင်းဟာ ဆေးစွဲပစ္စည်းတွေ အသုံးပြုချိန်ဖြစ်ပေါ်သော စိတ်ပျော်ရွှင်မှု ခံစားချက်နှင့် ဆက်စပ်မှုရှိပါတယ်။

Bupropion ဟာတန်ဖိုးကြီးတဲ့ ဒိုပါမင်းဓာတ်ကို တိုးမြှင့်ပေးတဲ့ဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ အဲဒီဆေးကို ဆေးလိပ်ဖြတ်တဲ့သူတွေကို ကူညီပေးတဲ့အစီအစဉ်မှာ အသုံးပြုဖို့ အစောကတည်းကအတည်ပြုချက်ရရှိထားပြီး ဖြစ်ပါတယ်။ တောင်ကြီးပဲနဲ့ ၎င်းနဲ့မျိုးရင်းတူ ပဲကတ္တီပါတို့က ပိုမိုဈေးသက်သာပြီး ထိရောက်မှုရှိပါတယ်။

နနွင်း (Turmeric)

အိန္ဒိယက သုတေသနတစ်ခုမှာ နေ့စဉ် နနွင်းကို အသုံးပြုသူသော ဝါရင့် ဆေးလိပ်သမားတွေဟာ နနွင်း လုံးဝအသုံးမပြုသူတွေနဲ့ နှိုင်းယှဉ်လျှင် ခန္ဓာကိုယ်ကနေ ကင်ဆာဖြစ်စေသောပစ္စည်း (၃) ဆ ကနေ (၈) ဆအထိ ပိုမို စွန့််ထုတ် ဖယ်ရှားပေးတာကို တွေ့ရသည်။ စမုန်ဖြူ၊ ပင်ပွားနဲ့ နနွင်း ပမာဏအနည်းငယ်နှင့်တောင် ကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တာကို တွေ့ရပါတယ်။

စီးကရက်နဲ့ စီးကရက်ငွေ့တွေကို အစပိုင်းမှာတင် ရှောင်ရှားတာက အစောဆုံး ကာကွယ်မှု ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်နိုင်ပါက ကိုယ့်အသက်ကို ကာကွယ် ကယ်တင်ရာရောက်သလို ချစ်ခင်ရသူတွေနဲ့လည်း အသက်ရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို သဘာဝအတိုင်း စွမ်းအားမြှင့်တင်ပေးတဲ့ အရာတွေနဲ့ ရောဂါတွေကို တိုက်ထုတ်နိုင်ခွင့် ရရှိစေမှာ ဖြစ်ပါတယ်။

Ref: Helloဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top