Block B အဆိုအဖွဲ့ဝင်လည်းဖြစ်ပြီး Teach You a Lesson ဇာတ်လမ်းတွဲနဲ့လည်း လူသိများတဲ့ မင်းသား P.O က ဂျယ်ဂျူးမှာ ကားမတော်တဆမှုတစ်ခုအတွင်း ပါဝင်ခဲ့ပြီး အနည်းငယ်ဒဏ်ရာရရှိခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်နေ့က ဂျယ်ဂျူးရှိ လမ်းမတစ်ခုပေါ်မှာ P.O ဟာ ကားတစ်စီးနဲ့ တိုက်မိခဲ့တယ်လို့ ဇူလိုင် ၂၂ ရက်နေ့မှာ သတင်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။
အရေးပေါ်အဖွဲ့က P.O ကို ဂျယ်ဂျူးမြို့ရဲ့အထွေထွေရောဂါကုဆေးရုံရဲ့အရေးပေါ်ခန်းဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ သူ့ရဲ့လက်မောင်းနဲ့ ဒူးမှာ ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ထိခိုက်ဒဏ်ရာတွေက အသက်အန္တရာယ်မရှိသလို မပြင်းထန်ဘူးလို့ သိရပါတယ်။
P.O လမ်းဖြတ်ကူးနေစဉ် ကားနဲ့ တိုက်မိခဲ့တာဖြစ်ပါတယ်။ ရဲတွေက ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး သေသေချာချာစုံစမ်းနေပေမဲ့ အရက်မူးပြီး မောင်းနှင်တာ (သို့) ယာဉ်အသွားအလာအချက်ပြမှုချိုးဖောက်တာနဲ့ ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ရာမတွေ့ရှိခဲ့ဘူးလို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီသတင်းတွေနဲ့ပတ်သက်ပြီး P.O ရဲ့အေဂျင်စီ Arist Company ဟာ “P.O က မကြာသေးခင်ကမှ ဂျယ်ဂျူးကျွန်းကို သူ့အသိမိတ်ဆွေတွေနဲ့အတူ အားလပ်ရက်ခရီးထွက်လာခဲ့ပြီး ကားမတော်တဆမှုကြုံခဲ့ရတာပါ။ ကံကောင်းထောက်မစွာနဲ့ ကြီးကြီးမားမား ထိခိုက်မှုမဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ထိခိုက်ဒဏ်ရာတွေက အသေးစားထိခိုက်မှုပါ။ နောက်အပတ်မှာ ရိုက်ကူးရေးလုပ်ဖို့ စီစဉ်ထားတဲ့အတိုင်း ရိုက်ကူးရေးမှာ ပါဝင်သွားမှာဖြစ်ပါတယ်”ပြောကြားသွားခဲ့ပါတယ်။
Ref: P.O Suffers Minor Injuries In Car Accident
WL (ရိုးရာလေး)

