တကယ်လိုအပ်နေသူတွေအတွက် စွန့်ပစ်မယ့်အမှိုက်တွေကို ရွှေဖြစ်အောင် စိတ်ကူးဖန်တီးခဲ့သူ

61633426_10161873090845451_800670655178604544_n.jpg

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချပြီး တကယ်လိုအပ်နေသူတွေဆီ အကူအညီပေးနေတဲ့Lesswalk စီမံကိန်းကိုတည်ထောင်ထားသူ ကိုသန်းထွန်းဝင်းက မြန်မာနိုင်ငံက နွမ်းပါးကျောင်းသူ/သားတွေအတွက် စက်ဘီးအစီးရေ (၁၀၀၀၀) ကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသူ/သားလေးတွေအနေနဲ့ ကျောင်းကိုလမ်းလျှောက်သွားရတဲ့အချိန်လျော့ပါးပြီး ကျောင်းကိစ္စတွေကိုဆောင်ရွက်ချိန်ပိုရနိုင်အောင် အခုလိုစက်ဘီးလေးတွေလှူဒါန်းပေးဖို့ သူက စိတ်ကူးရလာခဲ့တာပါ။ တောနယ်တွေမှာနေထိုင်တဲ့ အသက် (၁၃) နှစ်ကနေ (၁၆) နှစ်အကြားရှိ ကျောင်းကို တစ်မိုင်ကျော်အကွာအဝေးလမ်းလျှောက်သွားနေရတဲ့ ကျောင်းသူ/သားတွေကို အဓိကထား လှူဒါန်းသွားမှာဖြစ်ပါတယ်။

လှူဒါန်းပေးမယ့်စက်ဘီးတွေကလည်း မလေးရှားနဲ့ စင်္ကာပူစက်ဘီးအငှားကုမ္ပဏီတွေဖျက်သိမ်းလိုက်လို့ သံရည်ကျိုစက်ဆီပို့ရမယ့်ပစ္စည်းတွေဖြစ်လို့ အခုလှူဒါန်းမှုကြောင့်အလဟဿမဖြစ်သွားရတော့ပါဘူး။

စက်ဘီးတွေကို အဆင်သင့်အသုံးပြုနိုင်အောင် ရွေးချယ် ပြင်ဆင်ပြီး မြန်မာနိုင်ငံကိုသယ်ယူဖို့ ဒေါ်လာ (၃၀၀ ၀၀၀) ကျသင့်ရာမှာ Lesswalk နဲ့အခြားစေတနာရှင်တွေကတစ်ဝက်စီပါဝင်ကျခံထားတာဖြစ်ပါတယ်။ လတ်တလောမှာ စက်ဘီးစီးရေ (၃၀၀၀) ကိုစတင်လှူဒါန်းပေးနေပြီး ကျန်ရှိသေးတဲ့ စက်ဘီးတွေကိုလည်း အခုနှစ်ထဲမှာ ကျောင်းသူ/သားတွေဆီရောက်အောင် ဖြန့်ဝေလှူဒါန်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချရာရောက်တဲ့အပြင် တကယ်လိုအပ်နေသူတွေအတွက် အကူအညီရစေတဲ့ ဆောင်ရွက်ချက်တစ်ခုလည်းဖြစ်နေတာမို့ ကြားရသူတိုင်း ပီတိပွားစရာအလှူတစ်ခုပဲ ဖြစ်ပါတယ်။

Ref: Lesswalk and Than Tun Win’s official facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top