ထူးခြားတဲ့ ဂုဏ်သတ္တိတွေပါဝင်နေတဲ့ OPPO F11 Jewelry White Limited Edition အရောင်သစ်ကို မိတ်ဆက်ပေးတော့မည်

62302848_658155857983296_6524262722299756544_n.jpg

ပုလဲဆိုတာက နဝရတ်ကိုးပါးမှာ ပါဝင်တဲ့ ရတနာပစ္စည်းတစ်ခုအဖြစ် မြန်မာနိုင်ငံမှာ အမြတ်တနိုး တန်ဖိုးထားဝတ်ဆင်တတ်ကြပါတယ်။ နဝရတ်ကိုးပါးမှာ ပါဝင်တဲ့ ရတနာပစ္စည်းတွေက ထူးခြားလေးနက်မှုတွေနဲ့အတူ သူ့ဂုဏ်သတ္တိနှင့်သူရှိကြပါတယ်။ ထို့အတူပဲ ပုလဲမှာလည်း ‘ကျက်သရေမင်္ဂလာရှိခြင်း’၊ ‘အေးချမ်းတည်ငြိမ်ခြင်းကို ရရှိစေခြင်း’ နှင့် ‘နူးညံံ့သိမ်မွေ့ခြင်း’ အစရှိတဲ့ ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံနေပါတယ်။ ထိုကဲ့သို့သော ဂုဏ်သတ္တိတွေနဲ့ ပြည့်စုံနေတေဲ့ ပုလဲဖြူရောင်နဲ့ ခရမ်းနုရောင် တို့ကို အခြေခံပြီး gradient color အသစ် OPPO F11 Jewelry White Limited Edition ကို OPPO က မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ OPPO F11 အတွက် Fluorite Purple နှင့် Marble Green ဆိုပြီးအရောင်ပြေးကာလာနှစ်မျိုး မိတ်ဆက်ပေးထားပြီးဖြစ်ပြီး အခုအခါမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေတဲ့ Jewelry White အရောင်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။

လင်းလက်တောက်ပနေတေဲ့ ပုလဲကဲ့သို့ အဖြူရောင်နဲ့ ခရမ်းနုရောင် ရောစပ်ထားတဲ့ အရောင်ပြေးဒီဇိုင်းပေါ်တွင် တလက်လက်တောက်ပနေတေဲ့ texture တွေနဲ့ ဖြန့်ကျက်ထားပါတယ်။ ထူးခြားတဲ့ အရောင်ပြေးကာလနဲ့ ပြုလုပ်ထားတာကြောင့် OPPO F11 Jewelry White က သုံးစွဲသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ OPPO F11 Jewelry White အရောင်သစ်မှာ 6GB RAM+128GB ROM သိုလှောင်မှုပမာဏ ပါဝင်လာသောကြောင့် ယခင်ထွက်ရှိထားတဲ့ အရောင်တွေနဲ့ မတူညီဘဲ စွမ်းဆောင်ရည်ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

“အလင်းမှိန်မှိန် ပုံရိပ်ထင်ထင်” OPPO F11 Jewelry White အရောင်သစ်တွင် ရေစက်ပုံစံမျက်နှာပြင်နှင့်အတူ ၉၀.၇၀% ရှိတဲ့ မျက်နှာပြင်အချိုး၊ ၆.၅ လက်မရှိတဲ့ မျက်နှာပြင်အရွယ်အစား၊ အလင်းရောင်နည်းနည်းတွင်ပင် ပိုမိုကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ Ultra Night Mode ပါဝင်တဲ့ 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး၊ Dazzle Color Mode၊ လှပသော selfie ပုံများကို ရိုက်ကူးနိုင်မယ့် 16MP AI Beauty ရှေ့ဘက်ကင်မရာ၊ မိနစ် (၈၀) အတွင်း 0 to 100% ကို အပြည့်သွင်းနိုင်မယ့် VOOC 3.0 အမြန်အားသွင်းစနစ်၊ တာရှည်ခံစေမယ့် 4,020mAh ဘက်ထရီပမာဏ နဲ့ Android 9.0 ကို အခြေခံထားတဲ့ ColorOS 6 ပါဝင်ပါတယ်။ Jewelry White အရောင်သစ်ကို OPPO Myanmar မှ ဇွန်လ (၆) ရက်နေ့မှာ (၄၁၉ ,၉၀၀) ကျပ် (tax ပါဝင်ပြီး) နဲ့ မြန်မာတစ်နိုင်ငံလုံးအနှံ့ စတင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အရောင်သစ် OPPO F11 Jewelry White ကို အလုံးရေအကန့်အသတ် ဖြင့်ရောင်းချပေးသွားမှာဖြစ်ပြီး ဝယ်ယူအားပေးတဲ့ OPPO ချစ်သူတွေကို မေတ္တာလက်ဆောင်အဖြစ် အသီးဖျော်စက်တွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top