ကနေဒါနိုင်ငံကို အမှိုက်တွေ ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဒူတာတေး

in5-1.jpg

နှစ်နိုင်ငံကြား ကာလရှည် မတင်မကျဖြစ်နေတဲ့ အမှိုက်ပြဿနာကို ကနေဒါနိုင်ငံက မဖြေရှင်းပေးဘူးဆိုရင် ကနေဒါနိုင်ငံကို အမှိုက်တွေ ပြန်ပို့လိုက်မယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ခြိမ်းခြောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ ကနေဒါနိုင်ငံက ဖိလစ်ပိုင်ထံ အမှိုက်တန်ချိန် တော်တော်များများ ပေးပို့ခဲ့ပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပြန်အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေလို့ တံဆိပ်ကပ်ထားတဲ့ ကွန်တိန်နာတွေကို ဖိလစ်ပိုင်နိုင်ငံအခြေစိုက် ပစ္စည်းလက်ခံသူထံ ပေးပို့ခဲ့ပါတယ်။ မနီလာနိုင်ငံတကာကွန်တိန်နာဆိပ်ကမ်းကို ဆိုက်ရောက်လာတော့ အဲဒီကွန်တိန်နာတွေထဲမှာ အိမ်သုံးပစ္စည်း အမှိုက်တွေပါ ပါဝင်နေတာ တွေ့ရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဖိလစ်ပိုင်နိုင်ငံက သံတမန်ရေးရာ ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာတော့ ဒူတာတေးက ကနေဒါနိုင်ငံထံ အမှိုက်တွေ ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံကတော့ ဒီကိစ္စကို ဖြေရှင်းပေးမယ်လို့ အခိုင်အမာ ကတိပြုထားပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top